မိုးညှင်းမြို့နယ်က ရထားသံလမ်းတံတားတစ်ခု မိုင်းခွဲခံရ


ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းက ကာဒူဘူတာနဲ့ မော်ဟန်ဘူတာကြားမှာရှိတဲ့ အမှတ် (၅၅၅) တံတားတစ်စင်း ဒီနေ့မနက် ၆ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံရတယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။

မော်ဟန်ကျေးရွာက အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက မိုင်းခွဲခံရလို့ ရထားသွားလို့ မရတော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောပါတယ်။

“တံတားအမှတ် (၅၅၅) ပါ ။ မာလာရေပေါက်တံတားလို့ ခေါ်ပါတယ်။ အခုလောလောဆယ်တော့ ရထားသွားလို့တော့ မရတဲ့ အခြေအနေမှာ ရှိပါတယ်”

ရထားလမ်းကို မိုင်းခွဲဖျက်ဆီးတာဟာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းဆိုတာကို RFA က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး ။

မိုင်းကွဲခဲ့တာကြောင်း တံတားရဲ့ ဘေလီသံဘောင်နဲ့ သံလမ်းနေရာအချို့ ပျက်စီးခဲ့ပြီး ဇလီဖာတုံးများ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီရထားလမ်းဟာ မြစ်ကြီးနား-မန္တလေး-ရန်ကုန်ကို ဆက်သွယ်ထားတဲ့ ရထားလမ်းဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/moenyin-bridge-broken-by-mine-04172021094446.html

မိုးညှင်းမြို့နယ်က ရထားသံလမ်းတံတားတစ်ခု မိုင်းခွဲခံရ  မိုးညှင်းမြို့နယ်က ရထားသံလမ်းတံတားတစ်ခု မိုင်းခွဲခံရ Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.