ဘဏ်စာရင်းအသစ်ဖွင့်ရင် ငွေအကန့်အသတ်မရှိ ထုတ်ပေးမယ်လို့ ဗဟိုဘဏ် ထုတ်ပြန်

ဒေသတချို့မှာ ဆူပူအကြမ်းဖက်မှုတွေကြောင့် လက်ဝယ်ရှိ ငွေသားလုံခြုံမှုအတွက် စိတ်ပူပန်နေသူတွေအနေနဲ့ ဘဏ်တွေမှာ အပ်နှံလိုပါက အထူးကိစ္စရပ်အဖြစ် ဆောင်ရွက်ပေးသွားမယ်လို့ ဗဟိုဘဏ်က ဒီကနေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ကစလို့ ဘဏ်တွေမှာ ဘဏ်စာရင်း အသစ်ဖွင့်ပြီး ငွေသား အပ်နှံခွင့် ပြုမှာ ဖြစ်ကြောင်းနဲ့ အဲဒီဘဏ်စာရင်းအသစ်ကနေ ငွေသား ပြန်လည် ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏ ကန့်သတ်ချက် မရှိဘဲ ထုတ်ယူခွင့် ပြုသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မေလ ၃ ရက် မတိုင်ခင် ဘဏ်စာရင်း ဖွင့်လှစ်ထားသူတွေအနေနဲ့ ဗဟိုဘဏ်က မူလငွေထုတ် ကန့်သတ်ချက်တွေအတိုင်း ထုတ်ယူခွင့် ပြုမှာ ဖြစ်ပြီး အဲဒီ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးသွားဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ဘဏ်စာရင်းအသစ်ဖွင့်ရင် ငွေအကန့်အသတ်မရှိ ထုတ်ပေးမယ်လို့ ဗဟိုဘဏ် ထုတ်ပြန်  ဘဏ်စာရင်းအသစ်ဖွင့်ရင် ငွေအကန့်အသတ်မရှိ ထုတ်ပေးမယ်လို့ ဗဟိုဘဏ် ထုတ်ပြန် Reviewed by THITHTOOLWIN on 21:07 Rating: 5

No comments:

Powered by Blogger.