အာဏာသိမ်း အ​ကြမ်းဖက်စစ်အုပ်စုနဲ့ကေအဲန်ယူ တပ်မဟာ ၄ ကြားပစ်ခတ်မှုဖြစ်ပွား


ဧပြီလ ၇ ရက်၂၀၂၁ ခုနှစ်

(ခလရ-၁၀၃) တပ်ရင်းမှူး သိန်းဘိုဘို၊ ဒုရင်းမှူး ကျော်ထွန်းသူ ဦးဆောင်သည့်အဖွဲ့ အင်အား(၃၇)ဦး တို့သည် မဲဒိုင် စခန်းသို့ ရိက္ခာနှင့် လစာသွားရောက်ပို့ဆောင်ပေးရန် အကြောင်းပြခဲ့သော်လည်း ၎င်းတို့အဖွဲ့သည် မိမိတို့ KNLA တပ်မဟာ(၄)ဘက်မှ လုံခြုံရေးအရ ကန့်သတ်ထားသည့် နယ်မြေကို ကျော်လွန်ပြီး လှုပ်ရှားမှုပြုလုပ်လာသဖြင့် (06/04/2021) ရက်နေ့ ညနေ (13:30)အချိန်တွင် မိမိတို့ KNLA တပ်မဟာ(၄)အဖွဲနှင့် ထိပ်တိုက်ရင်ဆိုင်မှု (၁၀)မိနစ်ခန့် ဖြစ်ပွားခဲ့သည်။

၎င်းတို့အဖွဲ့မှ ဗိုလ်ကြီးတစ်ဦး နှင့် တပ်သား(၂)ဦး သေဆုံးခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး နောက်ထိုအနီးရှိ ကျေးရွာသူရွာသားများဖြစ်ကြသည့် စောတီတီ နှင့်ဇနီး ၊  ကေလး(၃)ယောက် အပါအဝင်မိသားတစ်စုလုံးတို့အား မောထာရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မောထာသို့ရောက်ရှိချိန်တွင်လည်း မောထာရှိကျေးရွာသူရွာသားတို့အားပစ်ခတ်မှုများပြုလုပ်သွားခဲ့သည်။


သူးလေသတင်းစဥ်

Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

အာဏာသိမ်း အ​ကြမ်းဖက်စစ်အုပ်စုနဲ့ကေအဲန်ယူ တပ်မဟာ ၄ ကြားပစ်ခတ်မှုဖြစ်ပွား အာဏာသိမ်း အ​ကြမ်းဖက်စစ်အုပ်စုနဲ့ကေအဲန်ယူ တပ်မဟာ ၄ ကြားပစ်ခတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:32 Rating: 5

No comments:

Powered by Blogger.