ကလေးမြို့ပင်မသပိတ်စခန်းမှာမပါ၀င်ပဲပစ်ခတ်ခံရပြီးသေဆုံးသူ ၃ ဦးရှိ




ကလေးမြို့ တာဟန်းခံတပ်အနီး ဘရာဏီအလှပြင်ဆိုင်နဲ့ Salem နှစ်ခြင်းအသင်းတော်ဘုရားကျောင်းကြားက လမ်းဘေးမှာ ဒီမနက် စစ်တပ်က ကလေးမြို့နယ်ဟားခါးလေးကျေးရွာသား သမီး ၂ ယောက်ဖခင် ဦးဗန်ထာထန်ကို ပစ်ခတ်မူ့ကြောင့်သေဆုံးပြီးအလောင်းကို မနက် ၁၀ နာရီဝန်းကျင်မှာ စစ်တပ်က သယ်ဆောင်သွားကြပါတယ်။ 

ကလေးမြို့က ပုဂလိကဆေးရုံတခုက၀န်ထမ်း၁ ဦး ဖြစ်တဲ့ ကိုရှားမာဟာ ဒီမနက် ဆေးရုံမှအပြန် စစ်သားတွေ ပစ်ခတ်မူကြောင့်သေဆုံးသွားပါတယ်။ကိုရှားမာအလောင်းကိုစစ်တပ်ကသယ်ဆောင်သွားပါတယ်။ ကိုရှားမာဟာ ကလေး ၃ယောက် အဖေ လို့ သိရပါတယ်။

ကလေးမြို့ မွန်းလိုင်ရပ်ကွက်မှာနေထိုင်တဲ့ တာဟန်းအေဂျီဘုရားကျောင်းအသင်းသား Pa Ngul Sian Pau (ဦးငုလ်ရှန်းပေါင်)ဟာ ဒီမနက် အိမ်နောက်ဘေးတွင် ဝက်စာကျွေးနေတဲ့ချိန်မှာ စစ်သားတွေက လမ်းပေါ်ကနေပစ်ခတ်လို့ သေဆုံးသွားကြောင်းသိရပါတယ်။ 


Chin World

https://www.facebook.com/Chin-World-167011980026853

ကလေးမြို့ပင်မသပိတ်စခန်းမှာမပါ၀င်ပဲပစ်ခတ်ခံရပြီးသေဆုံးသူ ၃ ဦးရှိ ကလေးမြို့ပင်မသပိတ်စခန်းမှာမပါ၀င်ပဲပစ်ခတ်ခံရပြီးသေဆုံးသူ ၃ ဦးရှိ Reviewed by THITHTOOLWIN on 20:25 Rating: 5

No comments:

Powered by Blogger.