ထိုင်းစားသောက်ကုန် (၅)မျိုး နယ်စပ်ကုန်သွယ်ရေးဇုန်မှ တင်သွင်းခွင့် ယာယီပိတ်ဆိုင်း


 ဧပြီ ၁၉ ရက် ၂၀၂၁

မြန်မာပြည်သူများ တရုတ်နိုင်ငံ နှင့် စစ်တပ်ပိုင်း ထုတ်ကုန်များကို မသုံးစွဲရန် (Boycott )လုပ်ပြီးနောက်ပိုင်း စစ်ကောင်စီ အုပ်စုမှ နယ်စပ်အတွင်း ကုန်ပစ္စည်း (၅)မျိုး တင်သွင်းခွင့်ကို ယာယီ ရပ်ဆိုင်းသွားမည်ဟု သတင်းရရှိသည်။

စစ်တပ်မှ ပြည်သူ့ အာဏာကို ဖေဖော်ဝါရီ ၁ရက်မှ စပြီး လုယက်သိမ်းယူပြီးနောက် ပြည်သူများက စစ်တပ် ထုတ်ကုန်ပစ္စည်းများ နှင့် စစ်တပ်ကို အားပေးနေသည့် တရုတ်နိုင်ငံ ထုတ် ပစ္စည်း ကို မသုံးစွဲရန် (Boycott) ပြုလုပ်ကြသည်။

ထို့နောက် ယမန့် (ဧပြီ ၁၈)ရက် စွဲဖြင့် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်း (၅)မျိုးကို မြန်မာနိုင်ငံ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် တင်သွင်းခွင့် ယာယီ ပိတ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် တာချီလိတ်မြို့ဘက် တွင် ထို ထုတ်ပြန်ချက် ကို မထုတ်ပြန်သေးသော်လည်း အကြမ်းဖက် စစ်ကောင်စီ မှ နယ်စပ် တံတား အမှတ်(၂) တွင် စောင့်ဆိုင်းနေကြောင်း တာချီလိတ်မြို့ စီးပွားရေး သမားများက ပြောပြသည်။

“ အခုဆိုရင် ကျမတို့က ကုန်ပစ္စည်းတွေကို ရှာဝယ်ထားတယ်။ ရောင်းစရာမရှိမှာဆိုလို့။ အခုတော့ တာချီလိတ်မှ ဘာမှမထုတ်ပြန်သေးဘူး။ ဒါပေမယ့် ဒီနေ့မနက်တော့ စစ်တပ်တွေက တံတားအမှတ် ၂ ကိုသွားတယ်။ ဘာသွားလုပ် တာလဲတော့ မသိဘူး။ အရင်နေ့တွေကတော့သွားတာမတွေ့ဘူး” ဟု တာချီလိတ်မြို့ ဒေသခံတစ်ဦးကပြောသည်။ 

စစ်ကောင်စီဖက်မှ ကုန်ပစ္စည်း ၅ မျိုး အချိုရည်မျိူးစုံ၊ ကော်ဖီမစ်မျိုးစုံ၊ တီးမစ်မျိုးစုံ၊ Instant coffe၊ နို့ဆီ၊ နို့စိမ်း တို့ကို နယ်စပ်ဒေသမှ ယာယီတင်သွင်းခွင့်မပြုတော့ဘဲ ပင်လယ်ရေကြောင်းမှသာ တင်းသွင်းခွင့် ပြုသွားမည် ဖြစ်ကြောင်းသိရသည်။ 

“ ခက်ခဲတစ်ထက်ပိုပြီးခက်ခဲလာတာပေါ့။ အခုက ကိုဗစ် ကိုလည်းကြောက်ရတယ်။ စစ်တပ်တွေကိုလဲ ကြောက်နေရတယ်။ ဆိုင်ကိုလည်း ည ၈ နာရီထိဘဲဖွင့်လို့ရတယ်။ ၈ နာရိကျော်ရင်လဲ လူကမရှိတော့ဘူး။ သူတို့ ဘာရည်ရွယ်ချက်နဲပ ပိတ်တာလည်းတော့ ကျမတို့လည်းမသိသေးဘူး” ဟု တာချီလိတ်မြို့ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ကုန်ပစ္စည်း ၅ မျိုးကို နယ်စပ်ဖက်မှတင်သွင်းခွင့်မပြုလိုက်သည့်အကြောင်းရင်းသည်  ပြည်သူများကို စစ်တပ်ပိုင်း ကုန်ပစ္စည်းများနှင့် တရုတ်ထုတ်ကုန်များကို ပြန်လည်သုံးစွဲလာရန်အတွက် ရည်ရွယ်သည်ဟု  နယ်စပ် ကုန်သည် တစ်ချို့က သုံးသပ်ပြောဆိုသည်။

မြဝတီကုန်သွယ်ရေးဇုန် နယ်စပ်ဒေသမှ တင်းသွင်းမှုကို မေလ ၁ ရက်နေ့မှစတင်ပြီး ယာယီပိတ်ဆိုင်း သွားမည်ဖြစ်ကြောင်းသိရသည်။ 

အဆိုပါ စစ်ကောင်စီ မှ ပိုင်ဆိုင်ထားသည့် စီးပွားရေး ကုမ္ပဏီကြီး ၆ ခုကိုလည်း အမေရိကန်နိုင်ငံမှာ ပိတ်ဆို့ အရေးယူထားကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ထိုင်းစားသောက်ကုန် (၅)မျိုး နယ်စပ်ကုန်သွယ်ရေးဇုန်မှ တင်သွင်းခွင့် ယာယီပိတ်ဆိုင်း ထိုင်းစားသောက်ကုန် (၅)မျိုး နယ်စပ်ကုန်သွယ်ရေးဇုန်မှ တင်သွင်းခွင့် ယာယီပိတ်ဆိုင်း Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.