မိုးညှင်းက ဘုရားကျောင်းနှစ်ကျောင်းကို ဝင်ရောက်ရှာဖွေ

ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်(၂) မျက်နာချင်းဆိုင်မှာရှိတဲ့ ကချင်နှစ်ခြင်းသင်းတော်နဲ့ RC (ရိုမန်ကက်သစ်လစ် ) ဘုရားကျောင်း နှစ်ကျောင်းကို ဒီကနေ့ နေ့လယ် ၁နာရီက စစ်နဲ့ရဲတပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှာဖွေတဲ့အကြောင်းအရင်းကို မေးလို့မရဘဲ စစ်သားတချို့ကတော့ အုတ်တံတိုင်းကျော်ပြီး ဝင်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

အသင်းတော်တွေရဲ့ရုံး၊ ဆရာတွေရဲ့ အိမ်၊ အမှိုက်ပုံးတွေကို ရှာဖွေခဲ့ပြီး ဘုရားကျောင်းပတ်လည်မှာ မိနစ် ၂၀ ခန့် ရှာဖွေခဲ့ရာမှာ ဘာမှမတွေ့တာကြောင့် ပြန်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မိုးညှင်းက ဘုရားကျောင်းနှစ်ကျောင်းကို ဝင်ရောက်ရှာဖွေ  မိုးညှင်းက ဘုရားကျောင်းနှစ်ကျောင်းကို ဝင်ရောက်ရှာဖွေ Reviewed by THITHTOOLWIN on 22:00 Rating: 5

No comments:

Powered by Blogger.