ဘဏ်အကောင့်အသစ်ဖွင့်လျှင် ကန့်သတ်ချက်မရှိ ငွေထုတ်ယူနိုင်သည့်ပေါ် မယုံကြည်



Share/Bookmark

ဧပြီ ၂၈ရက် ၂၀၂၁

မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဘဏ်အကောင့်အသစ်ပြန်ဖွင့်ငွေထည့်သူများ အပ်နှံငွေ ပမာဏာအတွင်း ကန့်သတ်ချက် မရှိဘဲ ငွေထုတ်ယူခွင့်ပြုမည်ဆိုသည့်အပေါ် သံသယများစွာရှိနေကြောင်း ပြည်သူများက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဗဟိုဘဏ် သည် ယမန် ( ဧပြီ ၂၇)  ရက်စွဲဖြင့်  ထုတ်ပြန်ကြောညာထားပြီး မေလ ၃ ရက်နေ့တွင် ဘဏ်အကောင့်သစ်ဖွင့်သူများကို အပ်နှံထားသည့် ငွေ ပမာဏာအတွင်း ကန့်သခတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည်ဟု ရေးသားထားသည်။

မေ (၃)ရက် မတိုင်မီ ဘဏ်များတွင် စာရင်းဖွင့်လှစ်ထားသူများအနေဖြင့် မြန်မာနိုင်ငံဗဟိုဘဏ် မှ မူလ ငွေထုတ်ကန့်သတ်ချက်အတိုင်းငွေသားများ ဆက်လက်ထုတ်ယူခွင့်ပြုမည်ဖြစ်ပြီး၊ အဆိုပါ ငွေထုတ် ကန့်သတ်ချက်များကိုလည်း ဖြေလျော့ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် တွင်ရေးသားထားသည်။

“သွားဖွင့်ရင်ဘယ်က ပိုက်ဆံနဲ့သွားထည့်ရမလဲ။ ကျမကတော့ သွားမဖွင့်ဘူး။ သူတို့ ပြောလာသမျှတွေကို ဆန့်ကျင်ဘက်နဲ့ဘဲတွေးရမှာ။  ယုံကြည်မှုမရှိတော့ဘူး” ဟု တာချီလိတ်မြို့ စီပွားရေးသမားတစ်ဦး ကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်များကို ပိတ်ထားပြီး ပြည်သူများ ငွေထုတ်ယူရန် အခက်ခဲများစွာ ကြုံတွေနေရကြောင်း သိရသည်။

 ယခု ဘဏ်အကောင့် အသစ်ပြန်ဖွင့်ခိုင်းတာ လှည့်ကွက်တစ်ခုဖြစ်နိုင်ကြောင်း ပြည်သူတစ်ဦးကပြောသည်။ 

“ ကျနော်တို့ သူတို့ဒီလိုထုတ်ပြန်တာ ဘာမှ ယုံကြည်လို့မသေးဘူး။  နိုင်ငံရေးအရ ငွေမလှည်ပတ်နိုင်တော့လို့ ပြည်သူတွေကို လှည့်ကွက်လုပ်တာလည်းဖြစ်နိုင်တယ်။ မူဆယ်မှာလည်း ဘဏ်ထဲပိုက်ဆံရှိတဲ့သူတွေအားလုံးက အကုန်သွားထုတ်လာနေကြပြီ” ဟု မူဆယ်မြို့ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။ 

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးမလည်ပတ်နိုင်သည့်အပြင် ပြည်သူများက စစ်တပ်ပိုင်း ကုန်ပစ္စည်းများ မသုံးစွဲခြင်း(boycott) လုပ်ခြင်းဖြင့် အာဏာဆန့်ကျင်ကြသည်။

 ထိုကြောင့် စစ်ကောင်စီမှ ထိုင်းနိုင်ငံကတင်းသွင်းသည့် အခြေခံစားသောက်ကုန် ၅မျိုးကိုလည်း မေလ ၁ ရက်နေ့မှ စတင်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြောညာထားသည်။ 

“ အလုပ်ကလည်း မလှည်ပတ်နိုင်ဘူး။ ကုန်ပစ္စည်းတင်ပို့ဖို့ကလည်းပိတ်ထားခိုင်းတယ်။ အခုက ဘဏ်အကောင့်သစ်ဖွင့်ရင် ပိုက်ဆံအကုန်ထုတ်လို့ရမယ်။ ခုဖြစ်နေတဲ့ ပြသာနာကိုမဖြေရှင်းနိုင်သေးဘူး။ ယုံကြည်မှုမရှိဘူး။ သွားလဲမလုပ်ဘူး။” ဟု နယ်စပ်တွင် ရှာဖွေစားသောက်သူ တစ်ဦးကပြောသည်။ 

လက်ရှိတွင် ဘဏ် ATM တွင် ပြည်သူတစ်ဦးကို တစ်ရက်လျှင် ငွေကျပ် ၂ သိန်း နှုန်းဖြင့်သာ ထုတ်ခွင့်ပေးပြီး လူဦးရေ အကန့်သတ်ဖြင့် ထုတ်ယူနေရကြောင်း၊ ဘဏ်သို့မနက် အစောကြီးသွားရောက် တန်းစီ စောင့်ဆိုင်းပြီး ငွေထုတ်နေရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် ဘဏ်ဝန်းထမ်းများ၊ အစိုးရဝန်းထမ်းများ အာဏာဖီဆန်ရေး CDM တွင် ပါဝင်လှုပ်ရှာလာသောကြောင့် စီးပွားရေးများ၊ နိုင်ငံတော် ယန္တယားများ ကောင်းမွန်စွာလှည့်ပတ်နိုင်ခြင်း မရှိတော့ကြောင်းသိရသည်။ 

အကြမ်းစစ်ကောင်စီမှ ပြည်သူများက ၎င်းတို့ကို ထောက်ခံလာအောင် အကြမ်းဖက် နည်းမျိုးစုံဖြင့် လုပ်နေသည့် အပေါ် ပြည်သူများကလည်း နည်းမျိုးစုံဖြင့် ဆက်လက်ဆန့်ကျင်နေလျက်ရှိကြောင်း မြေပြင်ဖြစ်ပျက်နေသည့် သတင်းအရသိရသည်။ 


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ