ကန် နဲ့ မလေးရှား ဝန်ကြီး ၂ဦး မြန်မာ့အရေး ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein တို့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး အာဆီယံအဖွဲ့အပါအဝင် အင်ဒိုပစိဖိတ်ဒေသနဲ့ အမေရိကန်ပြည်ထောင်စုကြား ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

တောင်တရုတ်ပင်လယ် အပါအဝင် အင်ဒိုပစိဖိတ်ဒေသတွင်း လွတ်လပ်စွာရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနဲ့ ပင်လယ်ရေပြင်ကို တရားနည်းလမ်းတကျအသုံးပြုရေးကိစ္စရပ်တွေကို အားပေးထောက်ခံတဲ့နေရာမှာ အာဆီယံအဖွဲ့ရဲ့အခန်းကဏ္ဍက သိပ်အရေးကြီးကြောင်း ဝန်ကြီး Blinken က အလေးပေးပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့အပေါ် အထူးစိုးရိမ်ကြောင်းကိုလည်း နှစ်နိုင်ငံဝန်ကြီးတွေပြောဆိုခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။ မြန်မာနဲ့ပတ်သက်ပြီး ဘာတွေပြောဆိုဆွေးနွေးကြသလဲဆိုတာမျိုးတော့ အသေးစိတ်ဖော်ပြမထားပါဘူး။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့စစ်အုပ်ချုပ်ရေးကောင်စီရဲ့တပ်ဖွဲ့တွေက ဆန္ဒပြပြည်သူတွေကို အင်အားသုံး နှိမ်နှင်းနေတဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့ကတော့ အစောပိုင်းကတည်းက တက်တက်ကြွကြွ ပြောဆိုဆောင်ရွက်နေကြပါတယ်။

အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi အာဆီယံ မိသားစုဖြစ်တဲ့ မြန်မာပြည်သူတွေ ဘေးကင်းရေး ထိပ်တန်းဦးစားပေးဆောင်ရွက်မယ်လို့ လတ်တလောပြောဆိုထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-malaysia-fm-discuss-about-myanmar-issue-/5835864.html

ကန် နဲ့ မလေးရှား ဝန်ကြီး ၂ဦး မြန်မာ့အရေး ဆွေးနွေး ကန် နဲ့ မလေးရှား ဝန်ကြီး ၂ဦး မြန်မာ့အရေး ဆွေးနွေး Reviewed by THITHTOOLWIN on 06:19 Rating: 5

No comments:

Powered by Blogger.