စစ်​ကောင်စီအာဏာသိမ်းပြီး​​နောက် မြစ်ဆုံအထက်မှာ​ရွှေတူးဖော်မှု​တွေရှိ​နေ


ဧရာဝတီမြစ်ဆုံအထက်နား မလိခမြစ်ကမ်း​ဘေးတွင် ရွှေတူး​ဖော်​မှုများ တွေ့လာရ

4 April 2021

စစ်​ကောင်စီဖွဲ့စည်းပြီး​နောက်ပိုင်း ဧရာဝတီမြစ်ဆုံအနီး မလိခမြစ်​ကမ်း​ဘေးတွင် ​ရွှေတူး​ဖော်​နေသည့် လုပ်ကွက်တစ်ခုကို မြင်​တွေ့​နေရပုံ။

မြစ်ဆုံအထက်ဘက်အနီး မလိခမြစ်ကမ်း​ဘေးတွင် တူး​ဖော်​နေခြင်း ဖြစ်ပြီး၊ ယခင်အစိုးရလက်ထက်များတွင် ရပ်နားထားသည့် ​နေရာများ ဖြစ်​ကြောင်းလည်း သိရသည်။

မြစ်ဆုံနားက မလိခမြစ်နဘေးမှာ စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက် ဘက်​ဖော်​တွေနဲ့  ​ ရွှေတူး​ဖော်မှု​တွေ ပြုလုပ်လာတာ ​တွေ့ရပါတယ်။

အရင်အစိုးရ လက်ထက်က ခွင့်မပြုထားသည့် ​နယ်မြေများမှာ ယခု လွတ်လွတ်လပ်လပ် စက်ယန္တယားကြီး​တွေအသုံးပြုပြီး တူး​ဖော်လာနေတာ​ပါ။

ရွှေတူး​ဖော်မှု​ကြောင့် ဧရာဝတီမြစ်​ရေဟာ ​နောက်ကျိနေတာ ​တွေ့ရပါတယ်။ 

ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြစ်ဆုံ​ရေကာတာစီမံကိန်းရပ်ဆိုင်းထားရန် ထုတ်ပြန်ခဲ့​သော်လည်း မြစ်ဆုံတန်ဖရဲ​ကျေးရွာ​ဒေသများမှာ ​ရွှေတူး​ဖော်မှုများရှိခဲ့ပြီး နေရာ​တော်​​တော်များများ ပျက်စီးခဲ့ပါတယ်။

Kachinwaves



စစ်​ကောင်စီအာဏာသိမ်းပြီး​​နောက် မြစ်ဆုံအထက်မှာ​ရွှေတူးဖော်မှု​တွေရှိ​နေ စစ်​ကောင်စီအာဏာသိမ်းပြီး​​နောက် မြစ်ဆုံအထက်မှာ​ရွှေတူးဖော်မှု​တွေရှိ​နေ Reviewed by THITHTOOLWIN on 19:13 Rating: 5

No comments:

Powered by Blogger.