ဗန်း​မော်မြို့တွင် မနက်အချိန်မ​တော် ရပ်ကွက်​လူနေအိမ်များ ဝင်​ရောက်စီးနှင်း ဖျက်ဆီးခံရပြီး ပြည်သူတစ်ဦးကျဆုံး






4 April 2021 - Manmaw

စစ်ကောင်စီတပ်နှင့် ရဲများ ယ​နေ့နံနက်(၃)နာရီခန့်တွင် ကချင်ပြည်နယ် ဗန်းမော်မြို့ ခွန်သာရပ်ကွက်အတွင်းသို့ ဝင်​ရောက်စီးနှင်းခဲ့ပြီး ပြည်သူတစ်ဦးကို ပစ်သတ်ခံရကာ၊ ၁၀​ယောက်ကျော်ကိုလည်း ဖမ်းဆီးသွား​ကြောင်း သတင်းရရှိသည်။ 

အများပြည်သူပိုင်ဆိုင်သည့် စာကြည့်တိုက်၊ နေအိမ်တံခါး၊ WiFi ကြိုးများကို ဖျက်ဆီးသွားခဲ့သည့်အပြင် လုံခြုံရေးအတွက် ပြည်သူများကာရံထားသည့် သဲအိတ်များကိုလည်း  ဖျက်ဆီးသွားခဲ့​ကြောင်း သိရသည်။ 

​ကျဆုံးသူသည် မင်းမနိုင်ရပ်ကွက်မှ ကိုဝင်းနိုင်ဦး (ခ) ဖိုးသားဖြစ်​ကြောင်း သိရသည်။


Kachinwaves

https://www.facebook.com/kachinwavesnews

ဗန်း​မော်မြို့တွင် မနက်အချိန်မ​တော် ရပ်ကွက်​လူနေအိမ်များ ဝင်​ရောက်စီးနှင်း ဖျက်ဆီးခံရပြီး ပြည်သူတစ်ဦးကျဆုံး ဗန်း​မော်မြို့တွင် မနက်အချိန်မ​တော် ရပ်ကွက်​လူနေအိမ်များ ဝင်​ရောက်စီးနှင်း ဖျက်ဆီးခံရပြီး ပြည်သူတစ်ဦးကျဆုံး Reviewed by THITHTOOLWIN on 19:10 Rating: 5

No comments:

Powered by Blogger.