မိုးမောက်မြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များ လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်နေ

April 26 - Kachinwaves

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာနှင့် စီဟက်ကျေးရွာကြား တာဝါတိုင်အနောက်ဘက်တွင် ယ​နေ့ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲပြန်လည် ပြင်းထန်နေကြောင်း သတင်းရရှိပါသည်။

လက်နက်ကြီးလက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်မှုများ ရှိ​နေပြီး လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်လာသည်ဟု ဒေသခံများက ဆိုသည်။

"တိုက်ပွဲက နေ့တိုင်းဖြစ်တယ် လေယာဉ်နဲ့ဗုံးကြဲတာ သုံးရက်ဆက်တိုက်ရှိပြီ။ ဒီနေ့လည်း တစ်နာရီ ဆယ်ငါးမိနစ်လောက်မှာ လာကြဲသွားတယ်။ တိုက်ပွဲက​​တော့ မနက်ကတည်းက ဖြစ်​နေတာ"ဟု ဒေသခံတစ်ဦးကပြောသည်။

ကျေးရွာပြည်သူများသည် စစ်ပြေးရှောင်သွားပြီ ဖြစ်သည့်အတွက် အခုရက်ပိုင်း ပြည်သူများ ထိခိုက်ခြင်းမရှိ​သော်လည်း နေအိမ်များသည် လက်နက်ကြီးထိကာ ပျက်စီးမှုများရှိ​နေကြောင်း ဒေသခံများက ဆိုသည်။

မြို့သစ်နှင့် စီဟက်ကျေးရွာကြားတွင် ကေအိုင်အေနှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်သည်မှာ တစ်လခန့်ရှိ​နေပြီဖြစ်သည်။


Kachinwaves

https://www.facebook.com/kachinwavesnews

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များ လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်နေ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များ လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်နေ Reviewed by THITHTOOLWIN on 19:25 Rating: 5

No comments:

Powered by Blogger.