နောင်ချိုမြို့ ဖမ်းဆီးခံလူငယ်(၂)ဦး ပြန်လွှတ်ပေး၊ ညှိနှိုင်းပေးသည့် အမျိုးသား တဦး ဖမ်းခေါ်သွား


ဧပြီ ၂၆ရက် ၂၀၂၁

သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့တွင် ယမန်နေ့ (ဧပြီ ၂၅)ရက်တွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ လူငယ် (၂)ဦးကို အကြမ်းဖက် ကောင်စီမှ ဖမ်းဆီးသွားပြီး ပြန်လည်လွှတ်ပေးသော်လည်း သွားရောက်ညှိနှိုင်းပေးသည့် အမျိုးသား တဦးကို ပြန်လည်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

နောင်ချိုမြို့တွင် ယမန်နေ့(ဧပြီ ၂၅)ရက် တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်သည့် လူငယ် (၂)ဦး ကို အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးသွားပြီး၊ ထိုလူငယ် (၂)ဦးကို ပြန်လွှတ်ပေးရန် အမျိုးသား တဦးက သွားရောက်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် လူငယ် (၂)ဦးကို ညနေပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ မှ ပြန်လည်လွှတ်ပေးခဲ့ပြီး ၊ သွားရောက်ညှိနှိုင်းပေးသည့် ဦးဇော်မင်းကျော် ကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နောင်ချိုဒေသခံ တဦး က ပြောပြသည်။

“မနေ့ညက ဖမ်းသွားတဲ့ လူငယ် (၂) ဦး ပြန်လွှတ်ဖို့ ဦးလေး တယောက်က သွားညှိနှိုင်းတယ်။  လူငယ (၂)ဦးက ပြန်လွှတ်လာပြီး ဦးလေး(ဦးဇော်မင်းကျော်) ကိုတော့ တပ်ထဲ ခေါ်သွားတယ်။အခုထိ မလွှတ်ပေးသေးဘူး” ဟု နောင်ချို ဒေသခံ အမျိုးသမီး တဦး က ဆိုသည်။

နောင်ချိုမြို့တွင်  အကြမ်းဖက်စစ်ကောင်စီမှ လူထု သပိတ်စစ်ကြောင်းထွက်မရအောင် လူထုကို ဖမ်းဆီးခြင်းး၊ လမ်းမပေါ်တွင် တားဆီးပိတ်ပင်ထားသော်လည်း နောင်ချို ဒေသခံ များက ယနေ့ (ဧပြီ ၂၆)ရက် တွင် လူထု စစ်ကြောင်း ဆက်လက် ချီတက်ဆန္ဒပြနေသေးကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စပြီး အကြမ်းဖက်စစ်ကောင်စီမှ အနုပညာရှင်များ၊ စစ်အာဏာဆန့်ကျင်သူများ၊ နာမည်ကြီးပုဂ္ဂိုလ်များကို ရာဇသတ် ပုဒ်မ ၅၀၅(က) ဖြင့် လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။ 

ယခုနောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ အရပ်ဝတ်ဖြင့် ပြည်သူများ နေအိမ် အထိ အကြောင်းမဲ့ လိုက်လံဖမ်းဆီးခြင်း၊ ကားတိုက်ပြီး ဖမ်းဆီးခြင်း တို့ကိုပြုလုပ်ကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

နောင်ချိုမြို့ ဖမ်းဆီးခံလူငယ်(၂)ဦး ပြန်လွှတ်ပေး၊ ညှိနှိုင်းပေးသည့် အမျိုးသား တဦး ဖမ်းခေါ်သွား နောင်ချိုမြို့ ဖမ်းဆီးခံလူငယ်(၂)ဦး ပြန်လွှတ်ပေး၊  ညှိနှိုင်းပေးသည့် အမျိုးသား တဦး ဖမ်းခေါ်သွား Reviewed by THITHTOOLWIN on 19:26 Rating: 5

No comments:

Powered by Blogger.