ကရင်ပြည်နယ် စစ်ဘေးဒုက္ခသည်များအား အမျိုးသားညီညွတ်ရေးအစိုးရမှ ကူညီထောက်ပံ့မှု ပြုလုပ်

Photo_NUG Facebook

ဧပြီ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ စစ်လေယာဉ်များ အသုံးပြု၍ ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ကရင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား သိန်း ၅၀၀ တန်ဖိုးရှိ အစား အသောက် စောင်နှင့် မိုးကာများ ကူညီပံ့ပိုးမှု ပြုလုပ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ ၎င်းတို့၏ဖေ့ဘွတ် လူမှုကွန်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြသည့် စစ်ဘေးဒုက္ခသည်  ၂၃,၀၀၀ ကျော်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် -Karen Peace Support Network-KPSN မှတဆင့် ၎င်း ထောက်ပံ့ရေးပစ္စည်းများကို ကူညီပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ 


Karen Information Center -KIC

https://www.facebook.com/KICNewsPage

ကရင်ပြည်နယ် စစ်ဘေးဒုက္ခသည်များအား အမျိုးသားညီညွတ်ရေးအစိုးရမှ ကူညီထောက်ပံ့မှု ပြုလုပ် ကရင်ပြည်နယ် စစ်ဘေးဒုက္ခသည်များအား အမျိုးသားညီညွတ်ရေးအစိုးရမှ ကူညီထောက်ပံ့မှု ပြုလုပ် Reviewed by THITHTOOLWIN on 21:37 Rating: 5

No comments:

Powered by Blogger.