မိုးကောင်းမှာ ညဘက်လမ်းသွားလမ်းလာတွေကို ခြောက်လှန့်ပစ်ခတ်၊ နှစ်ဦးဒဏ်ရာရ

မိုးကောင်းမှာ ညဘက်လမ်းသွားလမ်းလာတွေကို ခြောက်လှန့်ပစ်ခတ်၊ နှစ်ဦးဒဏ်ရာရ ဒီနေ့ နံနက်ပိုင်း မိုးကောင်းမြို့ ဆန္ဒပြပွဲ / Photo-CJ

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဒီနေ့ည စစ်ကောင်စီတပ်တွေ ခြောက်လှန့်ပစ်ခတ်လို့ ဒေသခံနှစ်ဦး သေနတ်ကျည်ထိမှန်ပြီး ပြင်းထန်တဲ့ ဒဏ်ရာရသွားတယ်လို့ မျက်မြင်တွေ့သူက RFA ကိုပြောပါတယ်။

ဒီကနေ့ည ၉ နာရီကျော်က ညဘက်ဆန္ဒပြတဲ့သူတွေမရှိပေမယ့် စစ်ကောင်စီတပ်သားတွေက ညဘက်လမ်းသွားလမ်းလာ ဆိုင်ကယ်နဲ့ အရပ်သားတွေကို ခြောက်လှန့်ပစ်ခတ်နေတာလို့ အဲ့ဒီဒေသခံကဆိုပါတယ်။

ခြောက်လှန့်ပစ်ခတ်ခံရတဲ့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ခြေထောက်မှာ သေနတ်ကျည်ထိမှန်ပြီးတော့ လက်ရှိ မိုးကောင်းမြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။

မိုးကောင်းမြို့မှာ ဒီကနေ့ နံနက်ပိုင်းကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူရာနဲ့ချီ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ပြီး စစ်ကောင်စီတပ်တွေက သေနတ်ပစ်ခတ် ဖြိုခွဲခဲ့ပေမယ့် ဒဏ်ရာပြင်းပြင်းထန်ထန်ရသူတော့မရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိတစ်နိုင်ငံလုံးမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက နေ့တင်မက ညဘက်လမ်းသွားလမ်းလာတွေကိုပါ ခြောက်လှန့် ပစ်ခတ်နေတာကြောင့် မနေ့က မန္တလေးမြို့မှာလည်း ညဘက်အလုပ်ကနေ အိမ်ပြန်လာတဲ့ ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kachin-moekaung-myanmar-military-coup-injured-04052021135119.html

မိုးကောင်းမှာ ညဘက်လမ်းသွားလမ်းလာတွေကို ခြောက်လှန့်ပစ်ခတ်၊ နှစ်ဦးဒဏ်ရာရ မိုးကောင်းမှာ ညဘက်လမ်းသွားလမ်းလာတွေကို ခြောက်လှန့်ပစ်ခတ်၊ နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 04:15 Rating: 5

No comments:

Powered by Blogger.