စစ်အာဏာသိမ်းပြီး ပထမဆုံး အကြိမ် လူ ၁၉ ယောက်ကို အစုလိုက်အပြုံလိုက် သေဒဏ်ချမှတ်

ဧပြီ ၉ ရက် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ မြောက်ဥက္ကလာပ အဖြစ်အပျက်တွေ အကြောင်းထည့်သွင်း ပြောကြား

မြောက်ဥက္ကလာပမြို့နယ်တွင်း လူတစ်ယောက်ကို သတ်ဖြတ်ခဲ့မှုမှာ ပတ်သက် နေသူတွေ ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၁၉ ယောက်ကို သေဒဏ် ချမှတ်လိုက်ကြောင်း ဧပြီလ ၉ ရက်၊ သောကြာနေ့မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရုပ်သံဌာနတွေက ကြေညာပါတယ်။

မြန်မာစစ်တပ်က ဗိုလ်ကြီးအဆင့်ရှိသူနဲ့ အခြား တစ်ယောက် ဆိုင်ကယ်စီးလာစဥ် လူအုပ်က ၀ိုင်း၀န်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီဖြစ်ရပ်မှာ စစ်အရာရှိရဲ့ အတူပါလာသူဟာ ရင်ဘတ်ကို ထိုးသွင်း ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သတင်းကြေညာချက်ထဲ ပါ၀င်ပါတယ်။

စစ်အရာရှိရဲ့ အခြေအနေကို ထည့်သွင်းပြောမသွားပေမယ့် သေနတ်ကို လူအုပ်က ယူသွားတယ်လို့ ဆိုထားပါတယ်။

ကြေညာသွားတဲ့ ၁၉ ယောက်ထဲက ၁၇ ယောက်ကို မျက်ကွယ် သေဒဏ်ချမှတ်တာ ဖြစ်တယ်လို့ နားလည်ရပြီး စစ်ခုံရုံးက အမိန့်ချတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် သူတို့ပြောတဲ့ သတ်ဖြတ်မှု အတွက် ဖမ်းဆီးထားသူ ၂ ယောက် ရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။


သူတို့ပြောတဲ့ သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့တယ် ဆိုတဲ့ မြောက်ဥက္ကလာမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာထားပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ နယ်မြေ ဖြစ်တယ် ဆိုတဲ့ အချက်ဟာ စွပ်စွဲမှုတွေအပေါ် အရပ်ဘက်ခုံရုံးမှာ ခုခံချေပခွင့်၊ တရားရင်ဆိုင်ခွင့်တွေ မရရှိတော့ပဲ၊ စစ်ခုံရုံးကနေ ပြစ်ဒဏ်တွေ စီရင် ချမှတ်တာမျိုးတွေ ဖြစ်လာစေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

စစ်အာဏာသိမ်းပြီး ပထမဆုံး အကြိမ် လူ ၁၉ ယောက်ကို အစုလိုက်အပြုံလိုက် သေဒဏ်ချမှတ် စစ်အာဏာသိမ်းပြီး ပထမဆုံး အကြိမ် လူ ၁၉ ယောက်ကို အစုလိုက်အပြုံလိုက် သေဒဏ်ချမှတ် Reviewed by THITHTOOLWIN on 07:19 Rating: 5

No comments:

Powered by Blogger.