ဈေးရောင်းချခွင်ပိတ်ထားသော ပဲခူးမြို့မဈေးပြန်လည်ရောင်းချခွင့်ပြုသည်ဟု ပဲခူးစည်ပင်ဆို




ပဲခူး ဧပြီ ၂၆ ။

ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရန်အတွက် ဈေးရောင်ချခွင့်ပိတ်ထားသောပဲခူးမြို့မဈေးအား ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသည်ဟု ပဲခူးမြို့နယ်စည်ပင်သာယာမှ ယနေ့ကြေငြာသည်။

လာမည့် ဗုဒ္ဓဟူးနေ့ ဧပြီ ၂၈ ရက်နေ့မှစတင်ပြီ နံနက် ၈ နာရီမှ နေ့လယ် ၂ နာရီအထိရောင်းချခွင့်ရမည်ဟု ပဲခူးစည်ပင်ကဆိုသည်။

၁၉ ၉ ၂၀၂၀ ကတည်းကရောင်းချခွင့်ပိတ်ခံထားရသည့် ပဲခူးမြို့မဈေးအား‌ ပြန်လည်ရောင်ချခွင်ပြုရန် ဈေးသူ‌ ဈေးသားများမှအကြိမ်ကြပြတောင်းဆိုခဲ့သော်လည်းဖွင့်လှစ်ခွင့်မပြုပဲ ယခုမှပြန်လည်ဖွင့်လှစ်ခွင့်ပြုခြင်းဖြစ်သည်။

စစ်တပ်ကအာဏာသိမ်းပြီးသိပ့်မကြာခင်က ဈေးပြန်ဖွင့်ဖို့ ဈေးမိဈေးဖတွေကိုညွှန်ကြားတယ် ဈေးမိဈေးဖတွေက ဒီလို့အချိန်မှာမီးရေးလုံခြုံရေးဘယ်သူတာဝန်ယူမလဲလို့မေးတော့ ကိုယ်လုံခြုံရေးကိုယ်တာဝန်ယူရမယ်ဆို့လို့မဖွင့်ကြဘူး အခုလည်းလုံခြုံရေးတာဝန်မယူရင်ဖွင့်ရဲကြမှာမဟုတ်ဘူးဟု ဈေးအကျီုးတော်ဆောင်တစ်ဦးကဆိုသည်။

ပဲခူးမြို့နယ်အတွင်းရှိဈေးရောင်းချခွင့် ပိတ်ခံထားရသည့်စည်ပင်ပိုင်ဈေးများအားပြန်လည်ရောင်းချခွင့်ပြုသည်ဟု စည်ပင်မှ ယနေ့ကြေငြာထားသည်။


Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212

ဈေးရောင်းချခွင်ပိတ်ထားသော ပဲခူးမြို့မဈေးပြန်လည်ရောင်းချခွင့်ပြုသည်ဟု ပဲခူးစည်ပင်ဆို ဈေးရောင်းချခွင်ပိတ်ထားသော ပဲခူးမြို့မဈေးပြန်လည်ရောင်းချခွင့်ပြုသည်ဟု ပဲခူးစည်ပင်ဆို Reviewed by THITHTOOLWIN on 20:32 Rating: 5

No comments:

Powered by Blogger.