ရွှေကူမြို့နယ်က CDM ပညာ​ရေးဝန်ထမ်းများကို မြို့နယ်ပညာ​ရေးမှူးက ဖိအား​ပေးနေ



27 April 2021 - Shwe Gu

​ရွှေကူမြို့နယ်က CDM လုပ်​နေတဲ့ ပညာ​ရေးဝန်ထမ်း​တွေကို မြို့နယ်ပညာ​ရေးမှူး ဦး​အောင်​ဆွေက ဖမ်းဝရမ်းထုတ် ဖမ်းဆီးမယ်လို့ လိုက်လံဖိအား​ပေး​နေကြောင်း သိရပါတယ်။

"ကျ​နော်တို့​ရွှေကူမြို့နယ် ပညာရေးမှူး ဦး​အောင်​ဆွ၊ သူက ​ရွှေကူမြို့နယ် ​ထွေအုပ်ကိုတင်ထားတာက ​ရွှေကူမြို့နယ် ပညာ​ရေးဘက်မှာ CDM ဝန်ထမ်းက ကိုးဆယ်ဝန်းကျင်ပဲရှိတယ်ဆိုပြီးမှ တင်ထားတယ်။ အခုဒီလ ၂၅နဲ့၂၆ရက်မှာ​ပေါ့​နော် CDM မလုပ်​ကြောင်း ရုံးမှာလက်မှတ် လာထိုးဖို့ ​ပြောတယ်။ လက်မှတ်လာ မထိုးရင် သူကိုယ်တိုင် ဖမ်းဝရမ်းကိုင်ပြီးမှ တစ်အိမ်တက်တစ်အိမ်ဆင်း ရဲ​တွေနဲ့ လာဖမ်းမယ်လို့ ခြိမ်း​ခြောက်တယ်"လို့ CDM လှုပ်ရှားမှုနဲ့ နီးစပ်သူက ဆိုပါတယ်။

ရွှေကူမြို့တွင် CDM လုပ်တဲ့ ဆရာ ဆရာမ​တွေ အ​ယောက်လေးရာ​ကျော်​ပေမဲ့ ဖိအား​တွေ​ကြောင့် တစ်ရာ​ကျော်သာ ကျန်​တော့တယ်လို့ ဆိုပါတယ်။

အလားတူ ဝန်ထမ်းဦး​ရေ ၁၅ဦးရှိတဲ့ မိုး​ကောင်းမြို့ မီးရထားဝန်ထမ်း​တွေထဲက ၁၂ဦး CDM ထဲပါဝင်ခဲ့​ပေမဲ့ အခုချိန်တွင် ၂ဦးသာကျန်​တော့ပြီး တာဝန်မှရပ်စဲခံထားရတယ်လို့ ကာယကံရှင်ဖြစ်သူ တစ်ဦးက ​ပြောပါတယ်။

ရွှေကူမြို့က ဆရာဆရာမ​တွေက​တော့ စစ်​ကောင်စီက​နေ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်တာကို ဂရုမစိုက်​ပေမဲ့ ဖမ်းဆီးပြီး​ထောင်ထဲထည့်မယ်လို့ ခြိမ်း​​ခြောက်ခံ​နေရတဲ့အတွက် ​ကြောက်​ကြလို့ ဆက်မလုပ်သူ​တွေရှိလာတယ်လို့ ဆိုပါတယ်။

"CDM လုပ်လို့ အလုပ်ပြုတ်ရင်လည်း ပြုတ်ပါ​စေ​ပေါ့။ ဒါ​ပေမဲ့ အခုလိုမျိုး ဖမ်းဝရမ်းထုတ်ပြီးမှ ​ထောင်ထဲဝင်ရမယ့်ဟာမျိုး​တော့ သူတို့မလိုချင်ကြဘူး"လို့ ဆိုပါတယ်။

မိုး​ကောင်းမြို့ မီးရထားဝန်ထမ်းက​တော့ ပြည့်သူ့အစိုးရတက်မှ အလုပ်ပြန်လုပ်မယ်လို့ အခိုင်အမာဆုံးဖြတ်ထားပြီး စစ်​ကောင်စီလက်​အောက်မှာ အလုပ်မလုပ်ချင်ဘူးလို့ ဆိုပါတယ်။

"ကျ​နော်တို့က​တော့ ပြည်သူ့အစိုးရတက်မှပဲ ဖမ်းဆီးထားတဲ့ ​ခေါင်း​ဆောင်​တွေ လွတ်မှပဲ အလုပ်ပြန်လုပ်မယ်"လို့ မိုးကောင်းမြို့ မြန်မာ့မီးရထားဝန်ထမ်း တစ်ဦးက ​ပြောပါတယ်။

စစ်​ကောင်စီက အစိုးရယန္တရား​တွေ ပုံမှန်လည်ပတ်ဟန်ရှိဖို့ ကြိုးစားအားထုတ်​နေပြီး CDM ထဲပါဝင်တဲ့ ဝန်ထမ်း​တွေကို ​လျှော့တစ်​ခါ ​​ခြောက်တစ်​လှည့် ကြိုးစား​နေချိန်လည်း ဖြစ်ပါတယ်။


Kachinwaves

https://www.facebook.com/kachinwavesnews

ရွှေကူမြို့နယ်က CDM ပညာ​ရေးဝန်ထမ်းများကို မြို့နယ်ပညာ​ရေးမှူးက ဖိအား​ပေးနေ ရွှေကူမြို့နယ်က CDM ပညာ​ရေးဝန်ထမ်းများကို မြို့နယ်ပညာ​ရေးမှူးက ဖိအား​ပေးနေ Reviewed by THITHTOOLWIN on 20:35 Rating: 5

No comments:

Powered by Blogger.