မုံရွာ အေးရိပ်သာလမ်း ပစ်ခတ်မှု ၃ဦးထက်မနည်း ကျဆုံး



မုံရွာ၊ဧပြီ-၃

မုံရွာမြို့ နန္ဒဝန်ရပ်ကွက် အေးရိပ်သာလမ်းပေါ်တွင် ယနေ့နံနက် ၈နာရီကျော်က ရဲနှင့်စစ်တပ်မှ ဝင်ရောက်ပစ်ခတ်ရာ လူငယ် ၃ဦးထက်မနည်း ကျဆုံးသည်။

မုံရွာလူထုပင်မသပိတ် ချီတက်ရာလမ်းများရှိ ခံတပ်အတားအဆီးများကို ရဲနှင့်စစ်တပ်က ရှင်းလင်း၍ ခုခံသူများနှင့် လမ်းရှိနေအိမ်များကို ပစ်ခတ်နှိမ်နင်းသည်ဟု ရပ်ကွက်နေသူများက ပြောသည်။

ပင်မသပိတ်မှာမူ အခြားနေရာတွင်စုဝေး၍ ၅၅ရက်မြောက်အဖြစ်ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

ကျည်မှန်ကျဆုံးသူများမှာ နန္ဒဝန်ရပ်ကွက်နေသူ ၂ဦးနှင့် မုံရွာခုခံရေးအဖွဲ့ (Defense Team)မှ လူငယ် ၁ဦးတို့ဖြစ်သည်ဟု လတ်တလောအတည်ပြုရရှိသည်။

၎င်းတို့မှာ ဦးခေါင်းနှင့် လည်ပင်းကျည်ထိ၍ကျဆုံးခြင်းဖြစ်သည်။

ကျည်ထိ၍ ဒဏ်ရာရသူ ၅ဦးရှိပြီး  နန္ဒဝန်ရပ် ဗိုလ်တေဇလမ်း၊အေးရိပ်သာလမ်း ၊အောင်မဟာလမ်း (ဘုရားနီ-အာဇာနည်လမ်း)တို့အထိ လက်နက်အင်အား၊လူအင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်မှုများဖြစ်ခဲ့သည်။

"အိမ်ထဲပိတ်ထားတဲ့သူတွေထွက်ခဲ့ဖို့ခေါ်တယ်။ဖမ်းသွားတဲ့လူတွေလည်းရှိတယ်။ဆိုင်တချို့လည်း ဖောက်ခံရတာ" ဟု နန္ဒဝန်ရပ်ကွက်နေသူက ပြောသည်။

မတ်လ ၃ရက်မှ ဧပြီ၃ ရက်အထိ မုံရွာမြို့တွင် ပြည်သူ ၂၄ဦး ကျဆုံးထားသည်။

( ဒဏ်ရာပြင်းထန်သူများလည်းရှိပြီး ထပ်မံအတည်ပြုချက်ရပါက ပြင်ဆင်ဖြည့်စွတ်ပါမည်။ယနေ့ ကျဆုံးသူများ၏ အမည်၊အသက်နှင့်နေရပ်များကို နာရေးကိစ္စပြီးချိန်တွင် သီးခြားဖော်ပြပေးသွားပါမည်၊)


Monywa Gazette

https://www.facebook.com/monywagazette

မုံရွာ အေးရိပ်သာလမ်း ပစ်ခတ်မှု ၃ဦးထက်မနည်း ကျဆုံး မုံရွာ အေးရိပ်သာလမ်း ပစ်ခတ်မှု ၃ဦးထက်မနည်း ကျဆုံး Reviewed by THITHTOOLWIN on 21:24 Rating: 5

No comments:

Powered by Blogger.