ဖားကန့်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်မျက်ကုမ္ပဏီဧရိယာမှာ အလံဖြူ​ထောင်ထား





ဖားကန့်၊ ဧပြီ ၃-၂၀၂၁

ဖားကန့်မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်​နေ့ မနက်ပိုင်းအချိန်က စစ်တပ်နဲ့ ကချင်လွတ်​​​မြောက်​ရေးတပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်​ပွားခဲ့ရာ ကျောက်မျက်ကုမ္ပဏီ​နေရာကို ဒီနေ့ ဧပြီလ ၃ ရက်​နေ့ကစပြီး အလံဖြူအမှတ်အသားထောင်ထားတာကို တွေ့ရပါတယ်။ 

တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျောက်မျက်ကုမ္ပဏီဟာ ဆန်ခါ​ကျေးရွာနဲ့ မဇွတ်ယန်​ကျေးရွာ အကြား မြဥယျာဥ်​ကျောက်မျက်ကုမ္ပဏီဖြစ်ပြီး အဲ့ဒီနေ့က တိုက်ပွဲဖြစ်ပွားမှု​​ကြောင့် ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦး​သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့​​တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက​​ ပြောပါတယ်။ 

"အလံဖြူ​ထောင်ရတာက ကုမ္ပဏီအ​နေနဲ့ စစ်နဲ့မပါတ်သတ်ဘူးဆိုတာကို သိ​ရ​အောင် ​ဆောင်ရွက်ထားတာပါ"လို့ ရတနာ​​ရွှေအိတ် ​ကျေက်မျက်ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက​​ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့မှု​ကြောင့် ကုမ္ပဏီက ပျက်ဆီးဆုံးရှုံးမှုတွေလည်းရှိခဲ့ပြီး ဝန်ထမ်းတွေပါ နေရပ်သို့ ပြန်သွားခဲ့​ကြတယ်လို့ ဆက်ပြောပါတယ်။

အဲ့ဒီနေ့က တိုက်ပွဲဖြစ်ပွားမှု​​ကြောင့် လုံခြုံ​ရေးရဲတပ်ဖွဲ့ဝင် သုံးဆယ်ဦးခန့် သေဆုံးခဲ့​ကြောင်း ကချင်ပြည်နယ်အ​​ခြေစိုက် သတင်းဌာနတစ်ခုက ရေးသား​ဖော်ပြထားရှိပြီး သီးခြားအတည်ပြုချက်တော့ မရရှိ​သေးပါဘူး။ 

ဖားကန့်​ဒေသက ကျောက်မျက်တူး​ဖော်​ရေးကုမ္ပဏီတွေအတွင်း စစ်တပ် တပ်စွဲ​နေရာချထားခြင်းကို လုံးဝလက်မခံဖို့နဲ့ တပ်စွဲ​နေရာယူလာရင် ကချင်လွတ်​​​မြောက်​ရေးတပ်မ​တော်(KIA)ကို အ​​ကြောင်းကြားဖို့၊ ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ရင် ဝန်ထမ်းတွေကို ​ဘေးလွတ်ရာသို့ ကြိုပို့ထားဖို့နဲ့ အဲ့ဒီ​နေရာကို အလံဖြူ​ထောင်ထားဖို့ KIA တပ်မဟာ၉၊ အမှတ်၆ တပ်ရင်းက မတ်လ ၂၉ ရက်​နေ့က ကြေညာချက်တခု ထုတ်ပြန်ထားပါတယ်။ 

ဖားကန့်မှာ မတ်လ ၂၈ ရက်​နေ့က ဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲကြောင့် လုံးခင်း​ကျေးရွာအုပ်စုအတွင်းရှိ ဆွတ်​အောင်၊ ဖဝါ၊ ငိုးပင်း၊ ကထန် စတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ ဘာသာ​ရေး​ကျောင်းတွေကို လာ​ရောက်ပြီူ တိုက်ပွဲ​ရှောင်​ခဲ့ရတယ်လို့ သိရပါတယ်။


နောင်ရိုး 

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

ဖားကန့်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်မျက်ကုမ္ပဏီဧရိယာမှာ အလံဖြူ​ထောင်ထား ဖားကန့်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်မျက်ကုမ္ပဏီဧရိယာမှာ အလံဖြူ​ထောင်ထား Reviewed by THITHTOOLWIN on 21:28 Rating: 5

No comments:

Powered by Blogger.