ကလေးမြို့သပိတ်စခန်းဖြိုခွင်းမူစစ်ဆင်ရေးကြောင့် ၁၁ ဦးသေဆုံးခဲ့


ကလေးမြို့ပင်မသပိတ်ကိုစစ်တပ်၊ရဲအင်အား ၂၀၀ ၀န်းကျင်နဲ့ လက်နက်ကြီးများဖြင့်ပစ်ခတ်ဖြိုခွင်းချေမှုန်းမူဖြစ်စဥ်ကြောင့် လူ ၁၁ ဦးသေဆုံးတယ်လို့ဒေသခံလူမူရေးအဖွဲ့အစည်းခေါင်းဆောင်တချို့ကဆိုပါတယ်။

ကလေးမြို့စစ်ဆေးရုံမှာ သပိတ်စခန်းမှာမပါပဲအိမ်ပြန်တုန်းပစ်သတ်ခံရတဲ့ ပုဂလိကဆေးရုံ၀န်ထမ်းအလောင်းအပါအ၀င် ၃ လောင်းရှိတယ်လို့သိရပြီး လူမူအဖွဲ့အစည်းတွေကောက်ယူလို့ရခဲ့တဲ့အလောင်း ၈ လောင်းအပါအ၀င် သေဆုံးသူ ၁၁ ဦးရှိခဲ့တာဖြစ်ပါတယ်။

ဒီမနက်ပင်မသပိတ်စခန်းကိုစစ်တပ်ဖြိုခွင်းပစ်ခတ်မူကြောင့်ဒဏ်ရာရရှိသူ၅ ဦးမက ရှိခဲ့သလို ဖမ်းဆီးခံရသူ ၁၀ ဦးမကရှိခဲ့ပါတယ်။


Chin World

https://www.facebook.com/Chin-World-167011980026853

ကလေးမြို့သပိတ်စခန်းဖြိုခွင်းမူစစ်ဆင်ရေးကြောင့် ၁၁ ဦးသေဆုံးခဲ့ ကလေးမြို့သပိတ်စခန်းဖြိုခွင်းမူစစ်ဆင်ရေးကြောင့် ၁၁ ဦးသေဆုံးခဲ့ Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.