မြန်မာနိုင်ငံက အထည်မှာယူမှု ဗြိတိန်ကုမ္ပဏီ ဆိုင်းငံ့



(၁-၄-၂၀၂၁)

မြန်မာနိုင်ငံကနေ အဝတ်အထည်မှာယူမှုကို ဆိုင်းငံ့ထားလိုက်ပြီလို့ ဗြိတိန်ရှိ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီ Next က ဒီနေ့ပြောဆိုပါတယ်။

ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံက တင်ပို့မှုကို အခုလိုရပ်ဆိုင်းလိုက်တာဖြစ်ပြီး အခြားနိုင်ငံတွေဆီ အစားထိုးမှာယူနိုင်ဖို့ ကြိုးစားနေတယ်လို့ Next ရဲ့ အမှုဆောင်အရာရှိချုပ် ကပြောပါတယ်။

“အခု လောလောဆယ် မြန်မာနိုင်ငံဆီ ဘာမှ ထပ်မမှာပဲ ရပ်ဆိုင်းထားပါတယ်။ ဒါဟာ ကြီးမားတဲ့ အဆင့်တခုပါ” လို့ CEO Simon Wolfson ကပြောပါတယ်။

“မြန်မာနိုင်ငံကနေ အတော်များများ မှာယူခဲ့တာပါ။ အခုတော့ အခြားနိုင်ငံတွေကနေ မှာယူနိုင်ဖို့ အစားထိုးနည်းလမ်းတွေ ရှာဖွေနေပါတယ်” လို့ Next ရဲ့ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

Next ဖက်ရှင်ကုမ္ပဏီဟာ လိုအပ်ချက်အားလုံးရဲ့ ၅ % ကျော်ကို မြန်မာနိုင်ငံကနေ မှာယူနေတာဖြစ်ပါတယ်။ 


Burma News Network

https://www.facebook.com/burmanewsnetwork

မြန်မာနိုင်ငံက အထည်မှာယူမှု ဗြိတိန်ကုမ္ပဏီ ဆိုင်းငံ့ မြန်မာနိုင်ငံက အထည်မှာယူမှု ဗြိတိန်ကုမ္ပဏီ ဆိုင်းငံ့ Reviewed by THITHTOOLWIN on 22:45 Rating: 5

No comments:

Powered by Blogger.