ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုတွေ ပိတ်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ညွှန်ကြားထား

မြန်မာနိုင်ငံမှာ ဝိုင်ဖိုင် အင်တာနက် ဝန်ဆောင်မှုတွေကို နောက်ထပ်တစ်စုံတစ်ရာ အကြောင်းမကြားမချင်း ပိတ်ထားဖို့ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတွေကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ အဲဒီကုမ္ပဏီတွေက ပြောပါတယ်။

ဝိုင်ဖိုင် အင်တာနက် ဝန်ဆောင်မှုတွေ ပိတ်ထားဖို့ ညွှန်ကြားချက်ကို ကုမ္ပဏီတစ်ခုက သက်ဆိုင်ရာ ကုမ္ပဏီဝန်ထမ်းတွေကို အီးမေးက တစ်ဆင့်ပေးပို့တာကို ရိုက်တာသတင်းဌာနက သိရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဘာကြောင့် ပိတ်ထားမယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ဖော်ပြမထားဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ မိုဘိုင်းလ်ဖုန်းက ဒေတာကဆင့်သုံးတဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို ပိတ်ထားတာကိုလည်း ဆက်ပိတ်ထားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက် လူအများစု အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်ကိုတော့ အဲဒီဆိုရှယ်မီဒီယာကနေတစ်ဆင့် သတင်းမှားတွေ ဖြန့်ချိတာတွေ ရှိတယ်ဆိုပြီး ပိတ်ဆို့ထားပါတယ်။ ဒါအ့ပြင် ဆိုရှယ်မီဒီယာကတဆင့် မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်မှုတွေ လုပ်တယ်ဆိုပြီး နိုင်ငံရေးသမားနဲ့ ဆိုရှယ်မီဒီယာက လူသိများသူတချို့ကိုလည်း ဖမ်းဝရမ်းတွေ ထုတ်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုတွေ ပိတ်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ညွှန်ကြားထား  ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုတွေ ပိတ်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ညွှန်ကြားထား Reviewed by THITHTOOLWIN on 23:03 Rating: 5

No comments:

Powered by Blogger.