စစ်ကောင်စီ အုပ်ချုပ်ရေးမှူးအချို့ လှိုင်သာယာမှာ ငွေကောက်နေ

လှိုင်သာယာ ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဖေဖော်ဝါရီ ၂၀ ရက်ကတွေ့ရစဥ်

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးအချို့က အုပ်ချုပ်ရေးမှူးရုံး အတွက်‌ငွေကောက်နေတယ်လို့ လှိုင်သာယာဒေသခံ အချို့ကပြောပါတယ်။

လှိုင်သာယာမှာ နယ်ကလာပြီး အလုပ်လုပ်သူတွေအတွက် ဖွင့်ထားတဲ့ ဆောင်ပိုင်ရှင်တွေဆီက ငွေကောက်ခံနေတာဖြစ်ကြောင်းလည်း ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

လှိုင်သာယာမြို့နယ် အမှတ် ၁၈ ရပ်ကွက်မှာ စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး က ရပ်ကွက်ထဲက အဆောင်တစ်ဆောင်ကို ငွေတစ်သောင်းပေးရမယ်လို့ ရာအိမ်မှူးတွေကတစ်ဆင့် ကောက်ခိုင်းတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ငွေကို ဧပြီလ ၁၃ ရက်နေ့နောက်ဆုံးထားပေးရမယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။

ရပ်ကွက်ရုံးမျက်နှာကြက်ပြင်ဖို့နဲ့ ရုံးရှေ့မှာလုံခြုံရေးတဲဆောက်ဖို့လို့လည်း ကောက်ခိုင်းတယ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမှတ် ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမောင်မောင်ဟာ အရင်စစ်အစိုးရလက်ထက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီးတေ့ာ အရပ်သားအစိုးရလက်ထက်မှာတော့ တစ်ကြိမ်မှ ပြန်လည်ရွေးကောက်ခံရတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ငွေကောက်ခံတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

စစ်ကောင်စီ အုပ်ချုပ်ရေးမှူးအချို့ လှိုင်သာယာမှာ ငွေကောက်နေ  စစ်ကောင်စီ အုပ်ချုပ်ရေးမှူးအချို့ လှိုင်သာယာမှာ ငွေကောက်နေ Reviewed by THITHTOOLWIN on 22:44 Rating: 5

No comments:

Powered by Blogger.