မြန်မာ့အသံ ရန်ကုန်ရုံးက CDM ဝန်ထမ်း ၁၂၀ နီးပါး ရာထူးထုတ်ပယ်ခံရ


ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ မြန်မာ့အသံရန်ကုန်ရုံးက CDM မှာပါဝင်နေတဲ့ ဝန်ထမ်း ၁၂၀ နီးပါး ကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ စာကို မနေ့ကမတ်လ ၂၈ မှာ လက်ခံရရှိခဲ့ပြီး အထုတ်ခံလိုက်ရတယ်လို့ အဲဒီထဲက CDM ဝန်ထမ်းတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

ရုပ်မြင်၊ အသံလွှင့်၊ ဂီတ စတဲ့ဌာနခွဲတွေက ဦးစီးအရာရှိရာထူးကစလို့ ရုပ်သံကျွမ်းကျင်၊ အသံလွှင့်ကျွမ်းကျင်၊ အငယ်တန်း အင်ဂျင်နီယာ၊ စက်မှုကျွမ်းကျင် စတဲ့ရာထူးတွေအပြင် နေ့စားဝန်ထမ်းတွေကို ရပ်နားထုတ်ပယ်စာနဲ့ ထုတ်ခဲ့တာဖြစ်ပါတယ်။

''ပထမကတော့ ရုံးပြန်တက်ဖို့ အကြောင်းကြားစာရောက်တယ်၊ နောက်တော့ ဝန်ထမ်းဥပဒေပုဒ်မတွေနဲ့ စွဲချက်တွေနဲ့ လာရောက်ဖြေရှင်းအယူခံဝင်စာရောက်တယ်၊ ဒါနဲ့ မနေ့ကတော့ ထုတ်ပယ်စာထွက်လာတာပေါ့။ ရန်ကုန်က CDM ဝန်ထမ်းတွေကတော့ အဆုံးအထိသွားဖို့ ဆုံးဖြတ်ထားပြီးပြီ''လို့ စာထုတ်ခံရတဲ့ဝန်ထမ်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်အပြင် နေပြည်တော် မန္တလေးနဲ့ မြန်မာတနိုင်ငံလုံးက မြန်မာ့အသံဝန်ထမ်း ၆၀၀ နီးပါး CDM မှာပါဝင်နေတယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မြန်မာ့အသံ ရန်ကုန်ရုံးက CDM ဝန်ထမ်း ၁၂၀ နီးပါး ရာထူးထုတ်ပယ်ခံရ  မြန်မာ့အသံ ရန်ကုန်ရုံးက CDM ဝန်ထမ်း ၁၂၀ နီးပါး ရာထူးထုတ်ပယ်ခံရ Reviewed by THITHTOOLWIN on 21:27 Rating: 5

No comments:

Powered by Blogger.