မြန်မာစစ်တပ်ကို ပြင်းထန်စွာဖိအားပေးရန် ပြန်လွတ်လာသည့် ပိုလန်သတင်းထောက် တောင်းဆို



(၃၀-၃-၂၀၂၁)

နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်တဲ့အရေးယူမှု အချိန်မီမလုပ်ဘူးဆိုရင် မြန်မာနိုင်ငံက အကြမ်းဖက်မှုအခြေအနေဟာ ပိုဆိုးလာလိမ့်မယ်လို့ အာဏာသိမ်းစစ်ကောင်စီလက်က ပြန်လွတ်လာတဲ့ ပိုလန်နိုင်ငံသား အလွတ်သတင်းထောက် Robert Bociaga ပြောပါတယ်။

သူဟာ မြန်မာနိုင်ငံက ဆန္ဒပြပွဲကို သတင်းယူရင်း မတ်လ ၁၁ ရက်နေ့က တောင်ကြီးမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးမှာတော့ စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးတဲ့အတွက် ပိုလန်နိုင်ငံကိုပြန်ရောက်နေပြီဖြစ်ပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းကသာ ထိရောက်တဲ့အရေးယူမှုမလုပ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့မတည်ငြိမ်မှုဟာ ဒေသတွင်းပြသာနာအထိဖြစ်လာနိုင်ပါတယ်” လို့ အသက် ၂၉ နှစ်အရွယ် ပိုလန်သတင်းထောက်က ဗီဒီယိုကတဆင့် AP သတင်းဌာနကိုပြောပါတယ်။

သူဟာ မတ်လ ၁၁ ရက်နေ့အဖမ်းမခံရခင်အထိ အကြမ်းဖက်မှုတွေကို ကိုယ်တိုင်မမြင်ဖူးခဲ့ဘူးလို့ဆိုပါတယ်။ တောင်ကြီးမှာ သတင်းယူနေစဉ် သူ့ကိုရဲတွေက ဝိုင်းဖမ်းပြီး ရိုက်နှက်တော့မှ ကိုယ်တွေ့ကြုံလိုက်ရတယ်လို့ သူကပြောပါတယ်။

သူ့ကို စွဲချက်တင်တဲ့ပုဒ်မကတော့ ဗီဇာ ရက်လွန်နေထိုင်မှုနဲ့ နိုင်ငံခြားသတင်းဌာနအတွက် သတင်းပို့မှုဖြစ်ပါတယ်။ ဒါပေမယ့် အမှုကြီးမှာစိုးတဲ့အတွက် သတင်းထောက်မဟုတ်ကြောင်း သူက ငြင်းဆိုခဲ့တယ်လို့ဆိုပါတယ်။

ကံကောင်းတာကတော့ မြန်မာနိုင်ငံမှာ တရားသူကြီးတွေ၊ အစိုးရရှေ့နေတွေအပါဝင် လူများစုက အင်တာနက်ကို Facebook လောက်ပဲသုံးပြီး Google တောင်မခေါက်ကြဘူးလိုဆိုပါတယ်။ (ဂိုဂယ်ခေါက်ရင် သူ့အမည်နဲ့ သတင်းထောက်တာဝန်ကိုသိနိုင်)။ ဒါကြောင့် သူ့ကို သတင်းထောက်မှန်းမသိပဲ ဗီဇာ ရက်လွန်မှုတခုတည်းနဲ့ မြန်မြန် လွတ်ပေးလိုက်တာဖြစ်တယ်လို့ Robert Bociaga ပြုံးပြီး ပြန်ပြောပြခဲ့ပါတယ်။

သူပြန်လွတ်လာပေမယ့် မြန်မာသတင်းထောက်တွေ ဒါဇင်နဲ့ချီ ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများကူညီရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူ ၂,၆၀၀ အထိရှိနေပြီး သေဆုံးသူက ၅၂၀ ကျော်နေပြီဖြစ်ပါတယ်။ 

နိုင်ငံတကာအရေးယူမှုအနေနဲ့ကတော့ မနက်ဖန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးကို ထပ်မံဆွေးနွေးဖို့ရှိနေပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

မြန်မာစစ်တပ်ကို ပြင်းထန်စွာဖိအားပေးရန် ပြန်လွတ်လာသည့် ပိုလန်သတင်းထောက် တောင်းဆို မြန်မာစစ်တပ်ကို ပြင်းထန်စွာဖိအားပေးရန် ပြန်လွတ်လာသည့် ပိုလန်သတင်းထောက် တောင်းဆို Reviewed by THITHTOOLWIN on 06:27 Rating: 5

No comments:

Powered by Blogger.