UN ဝင်ဖို့ကလွဲရင် တခြားနည်းလမ်းမရှိတော့





(၃၀/၃/၂၀၂၁)

မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကနေ မြန်မာပြည်သူတွေကို ကယ်တင်နိုင်ဖို့ဆိုရင် နိုင်ငံတကာကဝင်ရောက်ထိမ်းသိမ်းကာကွယ်ပေးဖို့ကလွဲရင် တခြားနည်းလမ်းမရှိတော့ဘူးလို့ ကမ္ဘာ့ခေါင်းဆောင်ဟောင်း (၄၅) ဦးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေနဲ့ဖွဲ့ထားတဲ့ Global Leadership Foundation (GLF) ကနေ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဆီကို တရားဝင်ပေးပို့တောင်းဆိုလိုက်တာပါ။

တောင်အာဖရိကသမ္မတဟောင်း ဦးဆောင်ဖွဲ့စည်းထားတဲ့ GLF ကို အမေရိကန် ဗြိတိန် ကနေဒါ ဩစတေလျှ နယူးဇီလန် ဆွီဒင် ဆွစ်ဇာလန် အပါအဝင် နိုင်ငံတကာက သမ္မတ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်ခံနေရတာတွေကနေ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ R2P အခြေခံမှုတွေကို အသုံးချပြီး အချိန်မှီဝင်ရောက်ဟန့်တားဖို့လည်း တောင်းဆိုထားပါတယ်။

တရုတ်နဲ့ရုရှားက ကန့်ကွက်နေမယ်ဆိုရင်လည်း ကျန်မဟာမိတ်တွေနဲ့ ငြိမ်းချမ်းရေးထိမ်းသိမ်းရေးတပ်စေလွတ်တာလုပ်သင့်ပြီလို့လည်း အကြံပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ စကားပြောညှိနိုင်းရမဲ့အခြေအနေမဟုတ်တော့သလို အရေးယူပိတ်ဆို့မှုနဲ့လည်းမလုံလောက်တာမို့ ကုလသမဂ္ဂက ဝင်ရောက်ကာကွယ်ပေးဖို့နည်းလမ်းပဲရှိတော့တယ်လို့ GLF ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေက ပြောပါတယ်။

လုံခြုံရေးကောင်စီအစည်းအဝေးမတိုင်ခင် အချိန်ကိုက်တောင်းဆိုထားတာလည်းဖြစ်ပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

UN ဝင်ဖို့ကလွဲရင် တခြားနည်းလမ်းမရှိတော့  UN  ဝင်ဖို့ကလွဲရင် တခြားနည်းလမ်းမရှိတော့ Reviewed by THITHTOOLWIN on 06:31 Rating: 5

No comments:

Powered by Blogger.