ယနေ့ စစ်ကိုင်းတိုင်းအတွင်းပစ်ခတ်မှု ၈ဦးကျဆုံး


မုံရွာ၊မတ်-၂၇

ယနေ့ (မတ်-၂၇)တရက်တည်းမှာပင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၄ ခု၌ ဆန္ဒပြလူထုနှင့် လမ်းများတပ်ဖြန့်ထားမှု၌တွေ့ဆုံမှုဖြစ်ရာ ရဲနှင့်စစ်တပ် ပစ်ခတ်မှုကြောင့် ကျဆုံးသူ ၈ဦးရှိခဲ့သည်။

စစ်ကိုင်းမြို့တွင် ဆန္ဒပြလူထုအားပစ်ခတ်ရာ ကျဆုံးသူများမှာ  ကိုအာကာ(၂၄နှစ်)၊သဗြုရွာနှင့် ကိုဘော် (၃၃နှစ်) ဇေယျာတို့ချဲ့ရပ်တို့ ဖြစ်သည်။

ရွှေဘိုမြို့တွင် ကိုကောင်း (၁၉နှစ်)အမှတ် ၇ ရပ်၊ ကိုဇင်ထွန်း၂၁)နှစ်၊ညောင်ပင်သာရွာ နှင့် အမှတ် ၉ရပ်မှ ၁၃နှစ်အရွယ်ကလေးငယ်တို့ဖြစ်သည်။

ယင်းမာပင်မြို့နယ် မုံရွာ-ပုသိမ်-ယာကြီးလမ်းဆုံ ရွာပေါင်းစုံသပိတ်စစ်ကြောင်းအား ပစ်ခတ်မှု၌ ကိုချမ်းမြေ့ကျော် (၂၉နှစ်- ဆားလင်းကြီး-ရွာသာရွာ) ကျဆုံးသည်။

မုံရွာမြို့သာစည်လမ်း ပစ်ခတ်မှုတွင် ကိုကျော်သိန်း(၄၀နှစ်)ရတနာပုံရပ်နှင့် ကိုထွန်းဦး (၃၂နှစ်)ချမ်းမြဝတီရပ် တို့ဖြစ်သည်။

ပစ်ခတ်မှုများကြောင့် စစ်ကိုင်းတိုင်းတွင် မတ်လ-၃ရက်နေ့မှ ၂၇ရက်အထိ  မုံရွာမြို့၌ ၁၄ဦး၊ ချောင်းဦးမြို့  ၁ဦး၊ ကောလင်းမြို့  ၁ဦး၊ဆားလင်းကြီးမြို့နယ် ၁ဦး(မန္တလေးမြို့တွင်ကျဆုံး)၊ ခင်ဦးမြို့၌ ၂ဦး ၊တမူးမြို့ ၂ဦး၊ကလေးမြို့၌ ၅ဦး၊ရွှေဘို၌ ၃ဦး၊စစ်ကိုင်း၌ ၂ဦး၊ယင်းမာပင်၌ ၁ဦး စုစုပေါင်း ၃၂ ဦး ကျဆုံးခဲ့သည်။ 


Monywa Gazette

https://www.facebook.com/monywagazette/

ယနေ့ စစ်ကိုင်းတိုင်းအတွင်းပစ်ခတ်မှု ၈ဦးကျဆုံး ယနေ့ စစ်ကိုင်းတိုင်းအတွင်းပစ်ခတ်မှု ၈ဦးကျဆုံး Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.