ဖားကန့်မြို့က ယနေ့ ဦးခေါင်းပွင့်ကျဆုံးရသူ၏ ရုပ်အလောင်းထားရှိရာ ရပ်ကွက်အတွင်း စစ်သားများက သေနတ်နှင့် ဝင်ရောက်ပစ်ခတ်ပြီး ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့ဟုဆို


ဖားကန့်၊၂၇

ဖားကန့်မြို့ ၊ အေးမြသာယာသပိတ်စစ်ကြောင်းအား ရဲနှင့် စစ်တပ်က ပစ်ခတ်ဖြိုခွင်းရင်း ဦးခေါင်းကို သေနတ်မှန်ပြီး ဦးခေါင်းပွင့် သေဆုံးခဲ့သည့် ကိုသန့်ဇော်ရုပ်အလောင်းထားရှိရာ မြို့မရပ်ကွက်အတွင်းသို့ ည (၉) နာရီခွဲခန့်အချိန်၌ စစ်သားများ မှရပ်ကွက်တွင်း ဝင်ရောက်လာပြီး လမ်းမတစ်လျှောက် သေနတ်များ တရစပ် ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

“ ဘယ်ကောင်သေရဲလဲ သတ္တိရှိရင် လာခဲ့။ လမ်းပေါ်ထွက်ခဲ့ကြ”ဟု စစ်သားများက အော်ဟစ်ဆဲဆိုခဲ့ကြပြီး ဖားကန့်မြို့ မြို့မရပ်ကွက်ထဲရှိ လမ်းပေါ်၌ သေနတ်များ တရစပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည် ။ 

နာရေးစောင့်နေသူများ ထွက်ပြေးပုန်းရှောင်နေရပြီး ရပ်ကွက်အတွင်း လမ်းမပေါ်၌ အလွယ်တကူ မဝင်နိုင်စေရန် ပြုလုပ်ထားသည့် အတားဆီးများအား တစ်စုံတစ်ရာပြလုပ်ခြင်း မရှိဘဲ လမ်းမတစ်လျှောက် သေနတ်ပစ်ဖောက်ပြီး ဆဲဆိုကြိမ်းမောင်းသွားခဲ့ကြောင်း ရပ်ကွက်နေ မျက်မြင်တွေ့ရှိသူတစ်ဦးထံမှ သိရသည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

ဖားကန့်မြို့က ယနေ့ ဦးခေါင်းပွင့်ကျဆုံးရသူ၏ ရုပ်အလောင်းထားရှိရာ ရပ်ကွက်အတွင်း စစ်သားများက သေနတ်နှင့် ဝင်ရောက်ပစ်ခတ်ပြီး ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့ဟုဆို ဖားကန့်မြို့က ယနေ့ ဦးခေါင်းပွင့်ကျဆုံးရသူ၏ ရုပ်အလောင်းထားရှိရာ ရပ်ကွက်အတွင်း စစ်သားများက သေနတ်နှင့် ဝင်ရောက်ပစ်ခတ်ပြီး ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့ဟုဆို Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.