ဗိုလ်ချုပ်ကြီးတင်ဦး တပ်မတော်နေ့အခမ်းအနား ဖိတ်ကြားခံရပေမယ့် တက်ရောက်နိုင်မည်မဟုတ်

NLD နာယက သူရဦးတင်ဦး

ဦးတင်ဦးနဲ့ မိသားစုကို မနှစ်ကစပြီး ပထမဆုံးအကြိမ်အဖြစ် တပ်မတော်နေ့အခမ်းအနားတက်ရောက်ဖို့ လာရောက် ဖိတ်ကြားပေမယ့် ကိုဗစ် ကပ်ရောဂါ အခြေအနေတွေကြောင့် တော်လှန်ရေးနေ့အခမ်းအနား အစီအစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။

မတ်လ ၁၅ ရက်နေ့ကလည်း တပ်မတော် စစ်သမိုင်းပြတိုက်မှာ မြန်မာနိုင်ငံရဲ့ တပ်မတော်ကာကွယ်ရေးဦးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးသူ (၇) ဦးရဲ့ ရုပ်ထုများ ဖွင့်လှစ်ပွဲအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဦးဆောင်ကျင်းပခဲ့ပြီး တဦးချင်းစီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ပြောကြား ဂုဏ်ပြုပြီး လက်ရှိ စစ်တပ်အရာရှိကြီးများနှင့် အငြိမ်းစား အရာရှိကြီးများက အလေးပြု ဂုဏ်ပြုခဲ့ကြပါတယ်။

အဲဒီ ရုပ်ထုဖွင့်ပွဲအကြောင်းနှင့်ပတ်သက်လို့ တစုံတရာ အကြောင်းကြား ဖိတ်ကြားခဲ့ခြင်း မရှိဘူးလို့ ဦးသန့်ဇင်ဦးက ဗွီအိုအေကို ပြောပါတယ်။

တပ်မတော်အနေနှင့် NLD ရဲ့ ဒုဥက္ကနှင့် ယခုအခါ နာယကအဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး၏ အခန်းကဏ္ဍအား နှစ်အတော်ကြာ ဖယ်ရှား ချန်လှပ်ထားခဲ့ပြီးမှ ယမန်နှစ်မှစ၍ ယခုကဲ့သို့ ပြန်လည် လုပ်ဆောင်လာဖြင်းဖြစ်ပါသည်။

အသက် ၉၅ နှစ်ရှိပြီဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးမှာ ၂၀၁၇ ခုနှစ်၊ မေလကတည်း ဦးနှောက်လေဖြတ်ရောဂါ ခံစားရပြီး နေအိမ်မှာ အနားယူနေတာ ဖြစ်ပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/ex-general-u-tin-oo-invited-to-arm-forces-day/5829711.html

ဗိုလ်ချုပ်ကြီးတင်ဦး တပ်မတော်နေ့အခမ်းအနား ဖိတ်ကြားခံရပေမယ့် တက်ရောက်နိုင်မည်မဟုတ် ဗိုလ်ချုပ်ကြီးတင်ဦး တပ်မတော်နေ့အခမ်းအနား ဖိတ်ကြားခံရပေမယ့် တက်ရောက်နိုင်မည်မဟုတ် Reviewed by THITHTOOLWIN on 22:24 Rating: 5

No comments:

Powered by Blogger.