မြန်မာလူငယ်တွေရဲ့အနာဂတ်ကို စစ်တပ်ဖျက်ဆီးနေ ( မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner-Burgener။

မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ့် စစ်တပ်ဟာ ပြည်သူပြည်သားတွေကို ရန်ပြုတိုက်ခိုက်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ပြောဆိုလိုက်ပါတယ်။ မတ်လ ၂၇ ရက်၊ တပ်မတော်နေ့ မတိုင်ခင် ဒီကနေ့မှာပဲ မစ္စ Burgener ရဲ့ပြောဆိုချက်ထွက်လာတာပါ။

မြန်မာစစ်တပ်ရဲ့လက်ချက်နဲ့ သေဆုံးသူတွေထဲမှာ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ အရေးပါတဲ့အခန်းကဏ္ဍမှာရှိကြတဲ့ အမျိုးသမီးတွေသာမက ကလေးငယ်တွေ ပါဝင်နေတယ်လို့လည်း ဆိုထားပါတယ်။ မြန်မာ လူငယ်လူရွယ်တွေရဲ့အနာဂတ်ကို စစ်တပ်က ဖျက်ဆီးနေတယ်လို့လည်း အထူးကိုယ်စားလှယ်ရဲ့ဒီကနေ့ထုတ်ပြန်ချက်မှာ မီးမှောင်းထိုးပြထားပါတယ်။

မြန်မာနိုင်ငံပြည်သူတွေနဲ့ တသားတည်း စွဲမြဲစွာရပ်တည်နေပါတယ်ဆိုတဲ့ မစ္စ Burgener က မြန်မာ့ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် မဆုတ်မနစ်ကြိုးပမ်းသွားဖို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ကဖမ်းဆီးထိန်းသိမ်းထားတဲ့ သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးသူအားလုံးပြန်လွှတ်ပေးဖို့လည်း အထူးကိုယ်စားလှယ်ရဲ့ကြေငြာချက်မှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်သစ်ကူးသင်္ကြန်ကာလ ရောက်လာတော့မှာဖြစ်တဲ့အတွက် အရပ်သားအုပ်ချုပ်မှုအောက် နိုင်ငံသာယာဝပြောရေး၊ နိုင်ငံအကျိုးစီးပွါးအတွက် အခြေခံအခွင့်အရေးတွေကို ဒီမိုကရေစီစံနှုန်းအတိုင်း လိုက်နာဆောင်ရွက်ပြီး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ မစ္စ Burgener ကမေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် ရွေးကောက်ခံအရပ်သားအစိုးရ အာဏာပြန်လည်ရှရှိရေးအတွက် နိုင်ငံစုံ တညီတညွှတ်ထဲ ပြတ်သားစွာတုန့်ပြန်ဆောင်ရွက်ကြဖို့ ကုလအတွင်းရေးမှုးချုပ်ရဲ့ တိုက်တွန်းချက်နဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးကို ရှေးရှုပြီး ပြန်လည်သင့်မြတ်ရေး အပြုသဘောဆောင်တဲ့ ဆွေးနွေးတွေနဲ့ အဖြေရှာကြဖို့ဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တိုက်တွန်းချက်ကိုဆက်ပြီး ထောက်ခံပံ့ပိုးသွားမယ်လို့လည်း အထူးကိုယ်စားလှယ် Burgener ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။ 


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/special-envoy-of-the-secretary-general-on-myanmar/5829477.html

မြန်မာလူငယ်တွေရဲ့အနာဂတ်ကို စစ်တပ်ဖျက်ဆီးနေ ( မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်) မြန်မာလူငယ်တွေရဲ့အနာဂတ်ကို စစ်တပ်ဖျက်ဆီးနေ ( မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်) Reviewed by THITHTOOLWIN on 22:26 Rating: 5

No comments:

Powered by Blogger.