သန်လျင်မြေ သွေးစွန်းခဲ့ပြီ

 










မတ်လ ၂၇ ရက် ၂၀၂၁ 

သန်လျင်မြေသွေးစွန်းခဲ့ပြီ  

7 ဦး ထိ 4 ဦး စိုးရိမ်ရ ၁ဦး ခေါင်းထိပွဲချင်းပြီ

သန်လျှင်မြို့နယ်တွင် မှ ဖို့မြေထိပ်တွင် မတ်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်များ အကြမ်းဖက်နှိမ်နှင်းမှုကြောင့်ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရရှိသူများထဲမှ တစ်ဦးမှာ  စိုးရိမ်ရကြောင်းသိရှိရသည်။ 

သန်လျင် ပြည်သူများ ပြန်လည် ခုခံမှုကြောင့် ရဲ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး သန်လျင်ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်းသိရသည်။ 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရင်း နေ့လည် ၂ နာရီမှာ ကျဆုံးသွားသော သန်လျင်မြို့ မြို့မတောင်ရပ်ကွက် မှ သူရဲကောင်း ကိုတင်လှ အသက်(၄၃ နှစ်) ကို ညနေ ၄ နာရီ ခွဲတွင် နေ့ချင်း သဂြိုလ်ခဲ့သည်။


သန်လျင် Facebook

သန်လျင်မြေ သွေးစွန်းခဲ့ပြီ သန်လျင်မြေ သွေးစွန်းခဲ့ပြီ  Reviewed by THITHTOOLWIN on 20:29 Rating: 5

No comments:

Powered by Blogger.