မရမ်းကုန်းမှာ စစ်တပ်က ပစ်ခတ်လို့ လူ ၂ ဦးသေဆုံးပြီး ၁ နှစ်အရွယ် ကလေးငယ်မျက်လုံး ရာဘာကျည်ထိမှန်






ရန်ကုန်၊မတ် ၂၇-၂၀၂၁

မရမ်းကုန်းမြို့နယ် ၂ရပ်ကွက်မှာ ဒီနေ့ နေ့လယ် ၁နာရီလောက်က စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့လို့ လူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၇ဦးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂ရပ်ကွက်နေပြည်သူတစ်ဦးက "ခေါင်းကို ထိပြီးသေသွားတာပါ ဒဏ်ရာရတဲ့သူလည်းများ ဆေးရုံကို သွားလို့မရဘူး အပြင်ထွက်ရင်ပစ်တာ" လို့ VOMကို ပြောပါတယ်။

သေဆုံးသူ နှစ်ဦးထဲက ၂ရပ်ကွက်မှာနေတဲ့ အသက် ၂၂အရွယ်ရှိ ကိုဝေဠုကတော့ ကျည်အစစ် ဦးခေါင်းထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ဖြိုခွဲမှာမှာ ဒဏ်ရာရသူ ၇ဦးရှိပြီး ၁ နှစ်အရွယ် ကလေးငယ်တဦးကတော့ မျက်လုံးကို ရာဘာကျည်ထိမှန်ခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ စစ်တပ်နဲ့ ရဲတွေက ရပ်ကွက်အတွင်း လှည့်လည်နေပြီး ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။


အေးချမ်းသူ(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

မရမ်းကုန်းမှာ စစ်တပ်က ပစ်ခတ်လို့ လူ ၂ ဦးသေဆုံးပြီး ၁ နှစ်အရွယ် ကလေးငယ်မျက်လုံး ရာဘာကျည်ထိမှန် မရမ်းကုန်းမှာ စစ်တပ်က ပစ်ခတ်လို့ လူ ၂ ဦးသေဆုံးပြီး ၁ နှစ်အရွယ် ကလေးငယ်မျက်လုံး ရာဘာကျည်ထိမှန် Reviewed by THITHTOOLWIN on 18:15 Rating: 5

No comments:

Powered by Blogger.