အကြမ်းဖက်စစ်အုပ်စုမှ ကေအဲန်ယူ ထိန်းချုပ်နယ်မြေကို လေယာဥ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်သဖြင့် ပြည်သူ ၆ ဦးသေဆုံး


၃၀ မတ်လ ၂၀၂၁ ခုနှစ်

ကေအဲန်ယူ - ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် အတွင်းရှိ ထီးဖဒိုရွာကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ ညနေ ၃း၀၀ နာရီခန့် အချိန်တွင် လေယာဥ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်ခဲ့ပါသည်။ ထိုလေယာဥ်ဖြင့် လာရောက်ဗုံးကြဲပစ်မှုတွင် ထီးဖဒိုရွာမှ ပြည်သူ ၆ ဦးကိုထိမှန်သေဆုံးခဲ့ပါသည်။

ထို့ပြင်ကေအဲန်ယူ - မူတြော်ခရိုင် တပ်မဟာ ၅ အတွင်းရှိ မဲဝိုင်ဒေသကိုလည်း ယနေ့ မတ်လ ၃၀ ရက်နေ့မှာပင် လေယာဥ်ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲ ပစ်ခတ်ခဲ့ပါသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

အကြမ်းဖက်စစ်အုပ်စုမှ ကေအဲန်ယူ ထိန်းချုပ်နယ်မြေကို လေယာဥ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်သဖြင့် ပြည်သူ ၆ ဦးသေဆုံး အကြမ်းဖက်စစ်အုပ်စုမှ ကေအဲန်ယူ ထိန်းချုပ်နယ်မြေကို လေယာဥ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်သဖြင့် ပြည်သူ ၆ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:55 Rating: 5

No comments:

Powered by Blogger.