မြန်မာ-တရုတ်နယ်စပ်မူဆယ် မန့်ဝိန်းဂိတ် နှင့် တရုတ်ပြည် ရွှေလီ-ဂျယ်ဂေါင်တံတားပိတ်ထား


မတ် ၃၀ ရက် ၂၀၂၁

မြန်မာ-တရုတ် နယ်စပ် မူဆယ်နှင့်  တရုတ်နိုင်ငံ ဂျယ်ဂေါယ် နယ်စပ်ဂိတ်များ ပိတ်လိုက်ကြောင်း ကနဦး သတင်းအရ သိရသည်။

မတ် (၂၉) ရက်နေ့က ကျယ်ဂေါင်ဘက်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၈) ဦး ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် တရုတ်ပြည်ဘက်မှာ  နယ်စပ်ဂိတ်များကို ပိတ်ချလိုက်ခြင်း၊ ရွှေလီ -ဂျယ်ဂေါင် တံတားပိတ်လိုက်ခြင်းတို့ပြုလုပ်ကြောင်း မူဆယ် ဒေသခံများက ပြောဆိုကြသည်။

 “ပိတ်တာက ဒီနေ့မှ ပိတ်တယ်လို့ ကြားတယ်။ မနေ့က စပြီးပိတ်တယ်။ ဂျယ်ဂေါင်မှာရှိတဲ့ ကျောက်စိမ်း ဈေးတန်းတွေလည်း အားလုံးပိတ်ကုန်ပြီ။ ဘယ်နှစ်ရက် ပိတ်မယ်လို့တော့ မသိရဘူး ကြေညာတာတွေလည်း မရှိဘူး” ဟု မူဆယ် ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

 ကျယ်ဂေါင် မှ ရွှေလီ သို့ သွားလာခွင့်ပြုပြီး ရွှေလီ မှ ရွှေလီ မှ ကျယ်ဂေါင် သို့ သွားလာခွင့် မပြုတော့ကြောင်း  သတင်းရရှိသည်။

“ကျယ်ဂေါင် နဲ့ မူဆယ် လမ်းပိတ်ထားတယ်။ မနေ့က ကိုဗစ်-၁၉ (၈) ယောက်ရှိတယ်ဆိုပြီးတော့ တရုတ်ဘက် ပိတ်လိုက်တယ်။ ကိုဗစ် ပိုးက မနေ့က တွေ့တယ်လို့ပြောတယ်”ဟု မူဆယ်ဒေသခံ တစ်ဦးကပြောသည်။

ယနေ့ မူဆယ်မြို့ ဆန္ဒပြ လူငယ်တဦးကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ Sinper (စနှိုက်ဘာ) သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ဦးခေါင်းထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မြန်မာ-တရုတ်နယ်စပ်မူဆယ် မန့်ဝိန်းဂိတ် နှင့် တရုတ်ပြည် ရွှေလီ-ဂျယ်ဂေါင်တံတားပိတ်ထား မြန်မာ-တရုတ်နယ်စပ်မူဆယ် မန့်ဝိန်းဂိတ် နှင့် တရုတ်ပြည် ရွှေလီ-ဂျယ်ဂေါင်တံတားပိတ်ထား Reviewed by THITHTOOLWIN on 19:01 Rating: 5

No comments:

Powered by Blogger.