မရမ်းကုန်းမြို့နယ် သမိုင်းမှာ ပစ်ခတ်မှု အနည်းဆုံး လူ ၂ ဦး သေ

မရမ်းကုန်းမြို့နယ် သမိုင်းမှာ မတ်လ ၂၇ ရက် မနက် ၁၁နာရီဝန်းကျင်ပိုင်းက စပြီး စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီ တပ်က ရပ်ကွက်တွေထဲအထိဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီမှာအသံဗုံး၊ မျက်ရည်ယို ဗုံးတွေ၊ ရာဘာကျည် တွေ အပြင် ကျည်အစစ် တွကို အသုံးပြုပြီး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေ ပြောပါတယ်။

ပစ်ခတ်မှုတွေ အတွင်း ခေါင်းကျည်ထိ ၁ ဦး၊ ချိုင်းအောက် ကျည်ထိ ၁ ဦး သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။ဒါ့အပြင် ဒဏ်ရာရသူတချို့လည်း ရှိခဲ့တယ် ဆိုပါတယ်။

လူနေအိမ်တွေ ထဲ အထိ မျက်ရည်ဗုံး အငွေ့ တွေ ဝင်ရောက်ခဲ့တယ်လို့ ကိုယ်တွေ့ ကြုံနေရသူတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မရမ်းကုန်းမြို့နယ် သမိုင်းမှာ ပစ်ခတ်မှု အနည်းဆုံး လူ ၂ ဦး သေ မရမ်းကုန်းမြို့နယ် သမိုင်းမှာ ပစ်ခတ်မှု အနည်းဆုံး လူ ၂ ဦး သေ Reviewed by THITHTOOLWIN on 16:58 Rating: 5

No comments:

Powered by Blogger.