မတ်လ ၂၇ ရက်နေ့မှာ ၅၀ ဦးထက်မနည်း ပစ်သတ်ခံရ

ဒီနေ့ မတ်လ ၂၇ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး  ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲပစ်ခတ်လို့ သေဆုံးတဲ့သူ အနည်းဆုံး ၅၀ ဦးထက်မနည်းရှိတယ်လို့ RFA က ကနဦးသတင်းရရှိပါတယ်။

ရန်ကုန်မှာ အနည်းဆုံး ၁၅ ဦး၊ မန္တလေးမှာ ၁၀ ဦးထက်မနည်း သေဆုံးပြီး ကျန်တိုင်းနဲ့ ပြည်နယ် တော်တော်များများမှာ သေဆုံး၊ ဒဏ်ရာရသူတွေရှိခဲ့တာပါ။

လက်ရှိ ညနေ ၄ နာရီအထိ မြို့တော်တော်များများမှာ စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေသေးတယ်လို့ ဒေသခံတွေက RFA ကို စာရေးသားပေးပို့လာကြပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီနေ့မနက်ပိုင်းက ၇၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်မှာ စစ်ရေးပြအခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

မတ်လ ၂၇ ရက်နေ့မှာ ၅၀ ဦးထက်မနည်း ပစ်သတ်ခံရ မတ်လ ၂၇ ရက်နေ့မှာ ၅၀ ဦးထက်မနည်း ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 16:56 Rating: 5

No comments:

Powered by Blogger.