တမူးမြို့မှာ အကြမ်းဖက်ပစ်ခတ်မှု နှစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ



Share/Bookmark

တမူးမြို့မှာ အကြမ်းဖက်ပစ်ခတ်မှု နှစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ တမူးမြို့မှာ မတ်လ ၂၅ ရက်နေ့ ညက ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို တွေ့ရစဉ် / Photo CJ

မတ်လ ၂၅ ရက် ညက စစ်ကိုင်းတိုင်း တမူးမြို့မှာ ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်တာကြောင့် လူနှစ်ဦး သေဆုံးပြီးတော့ ဒဏ်ရာရသူ ခုနစ်ဦးရှိတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကို တမူးကနေ ကလေးမြို့ဆေးရုံကိုပို့ဖို့ ကားနဲ့သယ်ဆောင်ရာမှာ လမ်းမှာ စစ်တပ်နဲ့ ရဲကား တွေ တွေ့ရှိတာကြောင့် သွားခွင့်မရခဲ့ဘူးလို့ လိုက်ပါသူတွေက ပြောပါတယ်။ ဒါကြောင့် ဒဏ်ရာရသူတွေကို ပြန်သယ်လာရပြီးတော့ တမူးမြို့ ပြင်ပဆေးရုံမှာ ပြန်လည်ကုသရာမှာ ကိုမျိုးမြင့်အောင် (သို့မဟုတ်) ဖိုးကုလား ကျဆုံးသွားတာပါ။ ကိုနန်းဦးကတော့ မနက်ဆယ်နာရီ ဝန်းကျင်ခန့်မှာ ဆေးကုသမှုခံယူရင်း ကျဆုံးသွားတယ်ဆိုပါတယ်။

လက်ရှိမှာတော့ ရင်ဘတ်ထိ ဦးခေါင်းထိ ဆီးခုံထိ ပေါင်ထိခိုက် စိုးရိမ်ရသူ လေးဦးနဲ့ ဒဏ်ရာရရှိသူ အများအပြားကို လုံခြုံတဲ့နေရာမှာ ကုသမှုခံမှုပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/tamu-two-dead-03262021052221.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ