တော်လှန်ရေးနေ့ တက်ရောက်ဖို့ ရုရှား ဒုကာကွယ်ရေးဝန်ကြီး နေပြည်တော်ကိုရောက်

မနက်ဖြန် မတ်လ ၂၇ ရက် မှာ ကျင်းပမယ့် ၇၆ ကြိမ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားတက်ရောက်ဖို့ ရုရှားနိုင်ငံက ဒုတိယ ကာကွယ်ရေး ဝန်ကြီး အလက်ဇန္ဒရား ဖိုမင် (Alexander Fomin) နဲ့ အဖွဲ့ နေပြည်တော်မှာ ရောက်ရှိနေတယ်လို့ စစ်တပ်ပိုင် မြဝတီမီဒီယာက ည ၈ နာရီမှာ ကြေညာသွားပါတယ်။

ရုရှား ကာကွယ်ရေး ဒုဝန်ကြီးဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းတို့အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း အဲဒီသတင်းမှာ ထုတ်လွှင့်သွားပါတယ်။

ရုရှားက တက်ရောက်ဖို့ ရောက်ရှိလာပေမဲ့ ပြည်တွင်းမှာတော့တပ်မတော်နေ့ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားထားတာကို သံရုံးတချိုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မတက်ရောက်ဘူးလို့ ထုတ်ဖော်ပြောကြားထားတွေ ရှိနေပါတယ်။

စစ်ကောင်စီဘက်က စွပ်စွဲထားတဲ့ ရွေးကောက်ပွဲ မဲမသမာမှုတွေ ကိစ္စ၊ နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့၊ သင်တန်းသားတွေ စေလွှတ်ဖို့ ကိစ္စတွေကိုလည်း ရုှရား ကာကွယ်ရေး ဒုဝန်ကြီးနဲ့ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ပြီး ရက်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအတွင်း သိမ်းယူရရှိခဲ့တယ်လို့ဆိုတဲ့ လက်လုပ်ကိရိယာ ပစ္စည်းတွေကိုလည်း ရုရှား ဒုကာကွယ်ရေးဝန်ကြီးကို အာဏာသိမ်းစစ်ခေါင်းဆောင်က ရှင်းလင်းပြသခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒါပေမဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ကလေးငယ်တွေအပါအဝင် လူရာနဲ့ချီ သေဆုံးခဲ့ရတဲ့အကြောင်းကိုတော့ ထုတ်ဖော်ပြောဆိုသွားတာ မရှိပါဘူး။

နိုင်ငံရေး မတည်ငြိမ်မှုတွေရှိနေတဲ့အချိန် မနက်ဖြန်မှာ ကျရောက်မယ့် တော်လှန်ရေးနေ့အခမ်းအနားကို စစ်ကောင်စီဘက်က ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ဆန္ဒပြသမားတွေကလည်း နိုင်ငံတဝန်း လမ်းပေါ်ထွက် ဆန္ဒပြကာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြဖို့ ၊ အထွေထွေ သပိတ်ဆင်နွှဲကြဖို့ ဆော်သြထားတာတွေကို တွေ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

တော်လှန်ရေးနေ့ တက်ရောက်ဖို့ ရုရှား ဒုကာကွယ်ရေးဝန်ကြီး နေပြည်တော်ကိုရောက် တော်လှန်ရေးနေ့ တက်ရောက်ဖို့ ရုရှား ဒုကာကွယ်ရေးဝန်ကြီး နေပြည်တော်ကိုရောက် Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.