စစ်အာဏာသိမ်းမှုက ရေနံရှာဖွေရေးကို မထိခိုက်နိုင်ဘူးလို့ သြစတြေးလျကုမ္ပဏီပြော


သြစတြေးလျ ရေနံကုမ္ပဏီ ဝဒ်ဆိုဒ် Woodside က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို အကူးအပြောင်းကာလ အရေးကိစ္စလို့ ရှုမြင်ပြီး မြန်မာကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းတွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်က ပြောပါတယ်။

ပြင်သစ် တိုတယ်လ် Total ကုမ္ပဏီနဲ့ အတူလုပ်ဆောင်မယ့် A-6 ကမ်းလွန် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းအပါအဝင် အခုနှစ်အတွင်းလုပ်မယ့် လုပ်ငန်းတွေ ထိခိုက်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဝဒ်ဆိုဒ်အနေနဲ့ ဒီလုပ်ငန်းတွေကနေ ပြန်ထွက်ခွာဖို့ ဘယ်လို သံတမန်ရေး ဖိအားမှ မရှိဘူးလို့ ဆိုပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကလည်း သူတို့ ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို ထိခိုက်လာနိုင်ခြေ တော်တော်နည်းတယ်လို့လည်း ကြာသပတေးနေ့က ပြောပါတယ်။

ပိတ်ဆို့မှုတွေ များများလုပ်လေ စစ်အစိုးရကို တရုတ်နဲ့ တခြား နိုင်ငံတွေနဲ့ ပိုနီးစပ်သွားလေ ဖြစ်စေနိုင်တဲ့အတွက်ကြောင့် အခုအချိန်မှာ အနောက်နိုင်ငံ အစိုးရတွေက မြန်မာအရေးနဲ့ ပတ်သက်ပြီး အင်မတန် သတိထားချဥ်းကပ်နေတယ်လို့ ဆိုပါတယ်။

တိုတယ်လ်ကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စောင့်ကြည့်နေပြီး ကုမ္ပဏီဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အဓိကထား ဆောင်ရွက်နေတယ်လို့ သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

စစ်အာဏာသိမ်းမှုက ရေနံရှာဖွေရေးကို မထိခိုက်နိုင်ဘူးလို့ သြစတြေးလျကုမ္ပဏီပြော စစ်အာဏာသိမ်းမှုက ရေနံရှာဖွေရေးကို မထိခိုက်နိုင်ဘူးလို့ သြစတြေးလျကုမ္ပဏီပြော Reviewed by THITHTOOLWIN on 04:52 Rating: 5

No comments:

Powered by Blogger.