မြန်မာစစ်ခေါင်းဆောင်တွေကို ယူကေနဲ့ ကနေဒါ ဒဏ်ခတ်တာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြိုဆိုလိုက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်

အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်တွေကို ယူကေနဲ့ ကနေဒါ အစိုးရတွေက ဒဏ်ခတ် အရေးယူတော့မယ်ဆိုတဲ့ သတင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြိုဆိုလိုက်ပါတယ်။

ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် တာဝန်ယူရမယ် ဆိုတာကို အာဏာသိမ်းစစ်တပ် သိအောင် အတူစုပေါင်း လုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မစ္စတာဘလင်ကန်က သူ့ရဲ့တွစ်တာပေါ်ကနေ တိုက်တွန်းထားပါတယ်။

အရပ်သားအစိုးရကို ဖြုတ်ချပြီး ရွေးကောက်ခံအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဝိုင်းလုပ်ကြဖို့ ကမ္ဘာ့နိုင်ငံတွေကို အမေရိကန်အစိုးရက တိုက်တွန်းထားတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သမ္မတအမိန့်တစ်ရပ် ထုတ်ပြန်ပြီးအာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦးနဲ့ မိသားစုဝင်တွေ၊ တပ်နဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

မြန်မာစစ်ခေါင်းဆောင်တွေကို ယူကေနဲ့ ကနေဒါ ဒဏ်ခတ်တာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြိုဆိုလိုက်  မြန်မာစစ်ခေါင်းဆောင်တွေကို ယူကေနဲ့ ကနေဒါ ဒဏ်ခတ်တာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြိုဆိုလိုက် Reviewed by THITHTOOLWIN on 06:26 Rating: 5

No comments:

Powered by Blogger.