မြန်မာ့အရေး ဒေသတွင်းအင်အားကြီး ၃ နိုင်ငံနဲ့ ကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ဟာ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံအရေးကို အာရှဒေသတွင်းအင်အားကြီး နိုင်ငံ ၃ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကြာသပတေးနေ့မှာ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ၊ Australia နိုင်ငံခြားရေးဝန်ကြီး Marise Payne ၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar နဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တို့ဟာ ကမ္ဘာ့စိန်ခေါ်မှုတွေအတွက် ၄ နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ Quad အဖွဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအုပ်ချုပ်မှု အမြန်ပြန်ရလာစေဖို့ အရေးတကြီး လိုအပ်နေကြောင်း ဆွေးနွေးခဲ့ကြတာပါ။

၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကမ္ဘာ့စိန်ခေါ်မှုကြီးတွေ ဖြစ်တဲ့ COVID- 19 ကပ်ရောဂါဆိုင်ရာ တုန့်ပြန်ရေးနဲ့ ပြန်လည်နလံထူရေး နဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာတွေမှာ ၄ နိုင်ငံ လက်တွဲဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြသလို သတင်းမှား ဖြန့်ချီမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်ဝါဒစွဲ တိုက်ဖျက်ရေးနဲ့ ရေကြောင်းလုံခြုံရေး ကိစ္စရပ်တွေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရပြန် ပေါ်ထွန်းလာရေး အပါအဝင် ဒေသတွင်း ဒီမိုကရေစီ ခိုင်မာရေး ဦးစားပေးလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အာရှဒေသကို ဦးစားပေးတဲ့ အပြန်အလှန်ကူညီပံ့ပိုးမှု တွေ လုပ်သွားမှာ ဖြစ်ကြောင်း ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ထပ်လောင်း ကတိပြုခဲ့ကြတဲ့အပြင် ရေကြောင်း လွတ်လပ်ခွင့်နဲ့ နိုင်ငံ့အချုပ်အချာအာဏာပိုင်ဆို်င်မှု တွေကို ထောက်ခံပံ့ပိုးပေးတာ အပါအဝင် အင်ဒို- ပစိဖိတ်ဒေသတွင်း လွတ်လပ်ပွင့်လင်းမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ကတိပြုခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လက်ရှိဖြစ်ရပ်တွေအတွက် အထူးစိုးရိမ်ကြောင်း ပြောကြားခဲ့သလို မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ ဖမ်းဆီးထားတဲ့ မြန်မာအစိုးရခေါင်းဆောင်တွေ အရပ်ဘက်အဖွဲ့ အစည်းခေါင်းဆောင်တွေအားလုံးကို လွှတ်ပေးဖို့၊ ရွေးကောက်ပွဲတွေမှာ ဖော်ပြထားပြီးဖြစ်တဲ့ မြန်မာလူထုရဲ့ဆန္ဒကို လေးစားဖို့ ပြောဆိုထားပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-discussion-antony-blinken-/5784058.html

မြန်မာ့အရေး ဒေသတွင်းအင်အားကြီး ၃ နိုင်ငံနဲ့ ကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး မြန်မာ့အရေး ဒေသတွင်းအင်အားကြီး ၃ နိုင်ငံနဲ့ ကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး Reviewed by THITHTOOLWIN on 06:28 Rating: 5

No comments:

Powered by Blogger.