နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို စစ်ကောင်စီဖျက်လိုက်ပြီလို့ သတင်းထွက်



ဒေါ်အောင်ဆန်းစုကြည်ရုံးထိုင်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့အကြောင်း ဖေဖော်ဝါရီ ၂၂ရက်နေ့ရက်စွဲနဲ့ အာဏာသိမ်းစစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့တဲ့ စာတစ်စောင် အွန်လိုင်းမှာ ပေါက်ကြားလာပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်သတင်းဟာ အတည်ဖြစ်တယ်ဆိုတာကို နေပြည်တော် မဲဆန္ဒနယ်တစ်ခုက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ အရပ်သားကောင်စီ ၈ယောက်ရုံး ထိုင်နေပြီ းအတိုင်ပင်ခံရုံး ညွှန်ချုပ်ဦးကျော်လွင်ကိုလည်း ရာထူးပြန်ခန့်ထားတယ်လို့ သိရပါတယ်။

အတိုင်ပင်ခံဝန်ကြီးဌာနက ဝန်ထမ်းတွေကို အရပ်သားကောင်စီဝင် ရုံးအဖွဲ့မှာ တာဝန်ပြောင်းချထားပြီး အချို့ဝန်ထမ်းတွေကို အကြံပေးအဖွဲ့ရုံးကို ခွဲပို့ထားတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်ကို ဆက်သွယ်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို စစ်ကောင်စီဖျက်လိုက်ပြီလို့ သတင်းထွက်  နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို စစ်ကောင်စီဖျက်လိုက်ပြီလို့ သတင်းထွက် Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.