တာမွေက အဖမ်းခံရသူတွေ ဘယ်ရောက်နေမှန်းမသိရ

Riot police stand in formation on a road in a residential area in Yangon on February 25, 2021, as tensions rise following weeks of mass demonstrations against the military coup. (Photo by Ye Aung THU / AFP)

ရန်ကုန်တိုင်း တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်မှာ ဖေဖော်ရီလ ၂၅ ရက် ကြာသပတေးညနေပိုင်းမှာ ဖမ်းဆီးခံခဲ့ရသူ အယောက် ၄၀ ပတ်ဝန်းကျင်ရှိပြီး သူတို့ကို ဘယ်မှာချုပ်ထားတယ်ဆိုတာ မိသားစုဝင်တွေ မသိကြရပါဘူး။ ဒါ့အပြင် ဥပဒေအရ လုပ်ဆောင်ဖို့လည်း အခက်တွေ့နေတယ်လို့ ကူညီသူရှေ့နေကပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ကျောက်မြောင်းရပ်ကွက်မှာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီကခန့်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို ပြည်သူတွေကလက်မခံဘဲ ကြာသပတေးညနေမှာ ကန့်ကွက်တဲ့အတွက် ရဲနဲ့စစ်ကားတွေရောက်ရှိလာပြီး ဖမ်းဆီးခဲ့တာမို့ အဖမ်းခံရသူ အယောက် ၄၀ နီးပါးရှိခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့တွေကို ဘယ်မှာချုပ်ထားလဲဆိုတာ မသိရသေးသလို ရှိနိုင်မယ်လို့ထင်တဲ့ တာမွေရဲစခန်း၊ အင်းစိန်အကျဉ်းထောင်စတဲ့နေရာတွေမှာ သွားစုံစမ်းကြပေမယ့်လည်း သတင်းအတိအကျ မရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ကူညီလုပ်ဆောင်ပေးနေတဲ့ ရှေ့နေတဦးက ဗွီအိုအေကိုပြောပါတယ်။

" ပြည်သူတွေရဲ့မိသားစုဝင်တွေဆီကသိရတဲ့သတင်းအရတော့ ၃၅ပတ်ချာလည်ရှိတယ်ပြောတယ်။ တာဝန်ရှိသူတွေဘက်စုံစမ်းကြည့်တော့လဲ၄၀ ပတ်ချာ လည်လို့လည်းပြောတယ်။ အဲတော့ အကြမ်းဖျင်း ၃၅ ၄၀ပတ်ချာလည်လို့ဘဲ ယူဆထားလို့ရသေးတယ်ဗျ။တာမွေတရားရုံးကိုလည်းရမန်ယူလားကျနော်စုံ စမ်းတယ် အဲချိန်က ၃နာရီလောက်ဘဲရှိဦးမယ်။ အဲချိန်ထိမယူသေးဘူးပြောတယ်။နောက်ပိုင်းဗီဒီယို ကွန်ဖရန်းဇင်းမယူရင်သူတို့အနေနဲ့ ညမတိုင်မှီ တနည်းနည်းနဲ့ နေရပ်ပြန်ဖို့စီစဉ်ရလိမ့်မယ်ဗျ။အဲလိုမလူပ်ဘူးနေရပ်လဲပြန်မရောက်ရင်တော့ ဒီနေ့ညဘဲအကုန်လုံးစာကိုလူပျောက်တိုင်ဖို့စီစဉ်ထားတယ်ဗျ။ လူတယောက်ရဲ့ဖွဲ့စည်းပုံကပေးတဲ့ အခွင့်အရေးတွေဆုံးနေသေးတယ်ပေါ့ဗျာ။ လက်ရှိချိန်ထိကလေမရရင်တော့နိုင်ငံသားခွင့်ရေးတိုင်းဆက်လက်တောင်းဆိုဖို့လုပ်သွားဖို့တော့ရှိပါတယ်"

ဗွီအိုအေ သတင်းဌာနအနေနဲ့ တာမွေရဲစခန်းကို ဆက်သွယ်ရာမှာ မဖြေသလို အင်းစိန်အကျဉ်းထောင်ကို ဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုသူမရှိခဲ့ပါဘူး။ တာမွေတရားရုံးမှာ ရုံးထုတ်မလားလို့ စောင့်ကြည့်ခဲ့ကြတဲ့ မိသားစုဝင်တွေလည်းရှိပါတယ်။

မိခင်နဲ့ ညီမတို့ ဖမ်းဆီးခံထားရပြီး ဘယ်မှာရှိမှန်းတောင် မသိရတာကြောင့် စိတ်ပူနေရတဲ့အကြောင်း သားဖြစ်သူက ပြောပါတယ်။

"ဘာမှလည်းမတတ်နိုင်ဘူး ကိုယ်အမေဘယ်ရောက်လို့ရောက်နေမှန်းမသိရဘူး.ဆိုတော့စိတ်ပူရတယ်။ အဲလောက်ကြီးလုပ်မယ်လို့လည်းမထင်ဘူး။ ကျနော်အသိ ရဲမှုးဆီကနေစုံစမ်းရတာကတော့သူသေချာစုံစမ်းပေးတာ ကိုဗစ်လူနာတွေထားတဲ့ အဆောင်နံပါတ်၁၈၈ မှာ ၇၂နာရီချုပ်ရက် ချုပ်ရက်ပြည့်မှဒါဏ်ကြေးဆောင်ပီး လွှတ်ပေးမယ်အဲလိုသတင်းအတိအကျကိုကြားထားရတယ်။ ဒါကပြန်ပေးဆွဲသလိုဖြစ်တာပေါ့နော် ။ အကုန်လုံးကို ထပ်ကြားတာ ပိုက်ဆံ နဲ့ ရွေးထုတ်ရမယ်ကြားတယ်။ ဘယ်လောက်ဆိုတာထပ်စုံစမ်းတော့ဖမ်းတဲ့သူကအဲစျေးကိုသတ်မှတ်တာတဲ့။ အဲတော့သူတို့ပုံစံက ပြန်ပေးဆွဲသလိုဖြစ်တာပေါ့ ဗျာ ကိုယ့်ပြည်သူအချင်းချင်းကို"

ဒီလို ဒဏ်ကြေးပေးပြန်ရွေးရမယ့်အခြေအေနနဲ့ပတ်သက်လို့ ဗွီအိုအေကသီးခြားအတည်မပြုနိုင်ပါဘူး။ သူ့ရဲ့မိခင်ဖြစ်သူက အသက် ၅၀ကျော်ဖြစ်ကာညီမကတော့၂၀ကျော်ဖြစ်ပြီး အဲဒီအင်အားသုံးနှိမ်နင်းစဉ်မှာ ဖြစ်စဉ်ကို လူမှုမီဒီယာပေါ်လွှင့်နေချိန်၂ဦးစလုံးဖမ်းခံရတာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပြည်လုံးကျွတ်နီးပါး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာသလို၊ ဒီဆန္ဒပြပွဲတွေကိုအကြမ်းမဖက်ဖို့၊ တည်ငြိမ်အောင်စိတ် ရှည်ရှည်နဲ့ ထိန်းသိမ်းဖို့စစ်အာဏာပိုင်တွေကို ကုလသမဂ္ဂရော အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ သြစတေးလျစတဲ့နိုင်ငံကြီးတွေက တိုက်တွန်းပြောဆိုထား ပါတယ်။

ဒါပေမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းတာတွေကြောင့်သေဆုံးသူ အနည်းဆုံး ၈ ယောက် ရှိနေပြီး ဖမ်းခံရသူ အယောက် ၇၀၀ကျော်ရှိနေပြီဖြစ်ပါတယ်။လက်ရှိစစ်အုပ်ချုပ်ရေးကောင်စီကတော့ သူတို့ကို အာဏာသိမ်း စစ်အစိုးရကောင်စီလို့ ခေါ်ဝေါ်တာမျိုးမလုပ်ဖို့သတင်မီဒီယာတွေကို သတိပေးထားသလို အာဏာသိမ်းတာမဟုတ်ဘူးလို့လည်း တုံပြန်ထားပေမယ့် ပြည်တွင်းနဲ့နိုင်ငံတကာဘက်ကတော့ဒါကိုလက်ခံခြင်း မရှိပါဘူးရှင်။


 ေမခ/ VOA Burmese

https://burmese.voanews.com/a/rangoon-tarmhway-peoples-arrested-by-police/5794041.html

တာမွေက အဖမ်းခံရသူတွေ ဘယ်ရောက်နေမှန်းမသိရ တာမွေက အဖမ်းခံရသူတွေ ဘယ်ရောက်နေမှန်းမသိရ Reviewed by THITHTOOLWIN on 23:11 Rating: 5

No comments:

Powered by Blogger.