ဘုန်းကြီးကျောင်းဝင်းထဲက သူစိမ်းတွေကို ထုတ်ပေးဖို့ ရပ်ကွက်နေသူတွေတောင်းဆို



 ဒီနေ့မနက်က ရန်ကုန်မြို့ ဗဟန်း ၃ လမ်းမှတ်တိုင်အနီးက မီးပွိုင့်မှာ ကားတွေကို တုတ်နဲ့ထွက်ရိုက်ခဲ့တဲ့ ဘုန်းကြီးနဲ့ လူတချို့ ရွှေကျင်ကျောင်းတိုက်ဝင်းထဲကို ဝင်ပြေးခဲ့ပါတယ်။ 

ရပ်ကွက်နေပြည်သူတွေက အဲဒီဘုန်းကြီးနဲ့ လူတွေကို ထုတ်ပေးဖို့ ကျောင်းဝင်းအပြင်ကနေ တောင်းဆိုခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ ရေတာရှည်လမ်းဘက်က ပြည်သူတွေကို ကျောင်းဝကနေ လေးဂွတွေနဲ့ ပစ်တာကြောင့် ကျောင်းတိုက်အနီးမှာ လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ညနေပိုင်းမှာတော့ ရဲတွေရောက်ရှိ နေရာယူထားတာဖြစ်ပါတယ်။ 

ကျောင်းထိုင်သံဃာတစ်ပါးကတော့ ဘုန်းကြီးကျောင်းထဲမှာ သူစိမ်းတွေလက်ခံထားတယ်ဆိုတာကို ငြင်းဆိုမိန့်ကြားခဲ့ပါတယ်။




ဘုန်းကြီးကျောင်းဝင်းထဲက သူစိမ်းတွေကို ထုတ်ပေးဖို့ ရပ်ကွက်နေသူတွေတောင်းဆို ဘုန်းကြီးကျောင်းဝင်းထဲက သူစိမ်းတွေကို ထုတ်ပေးဖို့ ရပ်ကွက်နေသူတွေတောင်းဆို Reviewed by THITHTOOLWIN on 22:31 Rating: 5

No comments:

Powered by Blogger.