အခြေခံကျောင်းများဖွင့်လှစ်ရေး ဖေဖော်ဝါရီ ၂၂ ရက်နေ့ စတင်ပြီးဆရာ ဆရာမများကို ကျောင်းတက်ရန်ညွှန်ကြား


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂၀၂၁

ရခိုင်ပြည်နယ်ရှိ အခြေခံပညာ ထက်၊ လယ်၊မူ ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၂ ရက် တနင်္လာနေ့မှ စပြီး ကျောင်းဆရာ ဆရာမများကို ကျောင်းစတင်တက်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ် ပညာရေးမှူးက “ ဟုတ်ကဲ့။ မနက်ဖြန်က စပြီး ဆရာဆရာမတွေကို ကျောင်းတက်ဖို့ ညွှန်ကြားတာပါ။ ကျောင်းသူ ကျောင်းသားတွေကတော့ မတက်ရသေးပါဘူး” ဟု ပြောကြားသည်။ 

သက်ဆိုင်ရာ ညွှန်ကြားရာတွင်   Covid 19 ကာလအတွင်း အခြေခံပညာ ထက်၊ လယ်၊မူ ကျောင်းများအား ခေတ္တရပ်နားထားခဲ့ပါကြောင်း၊ ကျောင်းများဖွင့်လှစ်နိုင်ရန် အဝေးပြောဖုန်းဖြင့် ညွှန်ကြားလာပါကြောင်း၊ သို့ပါ၍ အခြေခံပညာ ထက်၊ လယ်၊မူ ကျောင်းများသည် (၂၂-၂-၂၀၂၁) တနင်္လာနေ့ နံနက် (၈) နာရီမှ စ၍ (မပျက်မကွက်) ကျောင်းပုံမှန်တက်ကြရန် အကြောင်းကြားအပ်သည်ဟု ပါရှိသည်။ 

ယခုညွှန်ကြားချက်မထွက်မီကလည်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ရှိသဖြင့် ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်ရန် ရခိုင်ပြည်နယ် အခြေခံပညာကျောင်းများသို့ ညွှန်ကြားမှုရှိခဲ့ကြောင်း သိရှိရသည်။


Narinjara

https://www.facebook.com/narinjara.info/

အခြေခံကျောင်းများဖွင့်လှစ်ရေး ဖေဖော်ဝါရီ ၂၂ ရက်နေ့ စတင်ပြီးဆရာ ဆရာမများကို ကျောင်းတက်ရန်ညွှန်ကြား အခြေခံကျောင်းများဖွင့်လှစ်ရေး ဖေဖော်ဝါရီ ၂၂ ရက်နေ့ စတင်ပြီးဆရာ ဆရာမများကို ကျောင်းတက်ရန်ညွှန်ကြား Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.