ရန်ကုန်မှာ ကားလမ်းတွေပိတ်ပြီး ဆန္ဒပြ

 ရန်ကုန်မှာ ကားလမ်းတွေပိတ်ပြီး ဆန္ဒပြ

ရန်ကုန်မြို့က အဓိက လမ်းမကြီးတွေမှာ ကားတွေစက်ဖုံးဖွင့်ပြီး ကားလမ်းတွေပိတ်ဆို့ ဆန္ဒပြနေကြပါတယ်။

လမ်းမကြီးတွေမှာ ကားတွေပိတ်နေလို့ ရန်ကုန်မြို့ရဲ့ သယ်ယူပိုဆောင်ရေးလုပ်ငန်း တွေအတော်များများရပ်နေပြီး တစ်နေရာကနေ တစ်နေရာကိုသွားလာလို့ မရ ဖြစ်နေပါတယ်။

ဒါ့အပြင် ရန်ကုန်မှာက CNG ဆိုင်တွေ CDM မှာ လှုပ်ရှားမှုကြောင့် ခရီးသည်ယာဉ်တွေ ရပ်ဆိုင်းထားရပါတယ်။

သွားလာမှု အခက်အခဲဖြစ်အောင် ဆန္ဒပြကြတာဆိုပေမယ့် မီးသတ်ကားနဲ့ လူနာတင်ကားတွေ အရေးပေါ်သွားလာနိုင်အောင်တော့ သင့်တင့်တဲ့ယာဉ်ကြောဖွင့်ပေးသင့်တယ်လို့ ပြောဆိုမှုတွေရှိပါတယ်။

မြန်မာ တရုတ် နယ်စပ် မူဆယ်မှာလည်း ကုန်ကားတွေက ပိတ်ဆို့ထားလို့ နယ်စပ်ကုန်သွယ်မှုလည်း အခက်အခဲရှိနေတယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

ရန်ကုန်မှာ ကားလမ်းတွေပိတ်ပြီး ဆန္ဒပြ  ရန်ကုန်မှာ ကားလမ်းတွေပိတ်ပြီး ဆန္ဒပြ Reviewed by THITHTOOLWIN on 20:00 Rating: 5

No comments:

Powered by Blogger.