နေပြည်တော် သပြေကုန်းဝိုင်းအနီး ဆန္ဒပြသူတွေကို ဖြိုခွဲ

 

ဗိုလ်ချုပ်ကြေးရုပ်တည်ရှိရာ နေပြည်တော်သပြေကုန်းအဝိုင်းအနီး ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့ကဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အင်အားသုံးဖြိုခွဲခဲ့ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။

ဒါ့အပြင်ဆန္ဒပြတဲ့သူတွေရဲ့ မော်တော်ဆိုင်ကယ်တွေကိုလည်း သယ်ဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လမ်းမတွေပေါ်မှာ ရေးဆွဲထားတဲ့ စစ်အာဏာသိမ်း ကန့်ကွက် ဆန္ဒပြစာသားတွေကိုလည်း ပြန်ဖျက်နေတာကို တွေ့ရပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56091207

နေပြည်တော် သပြေကုန်းဝိုင်းအနီး ဆန္ဒပြသူတွေကို ဖြိုခွဲ  နေပြည်တော် သပြေကုန်းဝိုင်းအနီး ဆန္ဒပြသူတွေကို ဖြိုခွဲ Reviewed by THITHTOOLWIN on 22:36 Rating: 5

No comments:

Powered by Blogger.