ကန်တနိုင်ငံလုံး ဆောင်းဦးပေါက် နောက်ဆုံး ကာကွယ်ဆေးထိုးမည်

Pfizer ကာကွယ်ဆေးတချို့။ (ဇန်နဝါရီ ၀၇၊ ၂၀၂၁)

အမေရိကန်လူဦးရေ သန်း ၃၀၀ လုံးကို နောက်နှစ် ဆောင်းဦးပေါက်ရာသီအစပိုင်း နောက်ဆုံးထားပြီး COVID-19 ကာကွယ်ဆေး ထိုးပေးဖို့အတွက် ကာကွယ်ဆေးအလုံးရေ သန်း ၂၀၀ ထပ်မှာထားတယ်လို့ သမ္မတ ဂျိုး ဘိုင်ဒန်က အင်္ဂါနေ့မှာပြောပါတယ်။

Pfizer-BioNTech ကုမ္ပဏီတွေရဲ့ကာကွယ်ဆေး သန်း ၁၀၀ နဲ့ Moderna ကုမ္ပဏီရဲ့ကာကွယ်ဆေး သန်း ၁၀၀ ကို ထပ်ဝယ်ထားတာပါ။ လာမယ့် နွေရာသီအကုန် ဒါမှမဟုတ် ဆောင်းဦးရာသီအစပိုင်းမှာ အဲဒီဆေးတွေရောက်လာမယ်လို့ သမ္မတဘိုင်ဒန်ကပြောပါတယ်။ အခုနောက်ဆုံးမှာထားတဲ့ ကာကွယ်ဆေး အရေအတွက်နဲ့ဆိုရင် အမေရိကန်ကဝယ်ထားတဲ့ ကာကွယ်ဆေးအလုံးရေ သန်း ၆၀၀ ရှိသွားမှာဖြစ်ပါတယ်။

"လက်ထဲမရောက်သေးပါဘူး၊ မှာထားပါပြီ။ အဲဒီ နောက်ထပ် ကာကွယ်ဆေး သန်း ၂၀၀ ဒီနှစ်နွေရာသီမှာ ရောက်လာဖို့ ကျနော်တို့ မေ ျှာ်လင့်ထားပါတယ်။ ဒီဆေးအရေအတွက်က အမေရိကန် သန်း ၃၀၀ လုံးကို ကာကွယ်ဆေး အပြည့်အဝထိုးပေးဖို့ လုံလောက်ပါတယ်။" လို့ သမ္မတဘိုင်ဒန်ကပြောပါတယ်။

ဒါ့အပြင် ပြည်နယ်အသီးသီးမှာ ကာကွယ်ဆေးထိုးလုပ်ငန်း အရှိန်မြှင့်ဖို့အတွက် ရှိထားပြီးသား ကာကွယ်ဆေးတွေကို လာမယ့်သီတင်းသုံးပတ်အတွင်း တိုးမြှင့် ပို့ဆောင်ပေးသွားမယ်လို့လည်း ဘိုင်ဒန်အစိုးရက ကြေညာပါတယ်။ လက်ရှိမှာ သီတင်းတပတ်ကို ဆေးလုံးရေ ၈.၆ သန်း ပို့နေတာကနေ နောက်သီတင်းပတ်ကစပြီး ၁၀.၁ သန်းထိ တိုးပြီးပို့သွားမယ်လို့ သမ္မတဘိုင်ဒန်ကပြောပါတယ်။

ပြည်နယ်အသီးသီးမှာ ကာကွယ်ဆေးထိုးလုပ်ငန်းကို ပိုပြီး တိတိကျကျ ပြင်ဆင်နိုင်စေဖို့အတွက် သက်ဆိုင်ရာပြည်နယ်အသီးသီးအတွက် လျာထားတဲ့ ကာကွယ်ဆေးအရေအတွက် အတိအကျကို မပို့ခင် သီတင်းသုံးပတ် ကြိုပြီး အကြောင်းကြားမယ်လို့လည်း သမ္မတဘိုင်ဒန်က ကတိပေးပါတယ်။

Johns Hopkins တက္ကသိုလ်ရဲ့ အင်္ဂါနေ့အချက်အလက်တွေအရ အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါကူးစက်သူ ၂၅ သန်းခွဲနီးပါးရှိပြီဖြစ်ပြီး သေဆုံးသူက ၄,၀၂၅,၀၀၀ နီးပါးရှိပြီဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-covid-vaccine/5753466.html

ကန်တနိုင်ငံလုံး ဆောင်းဦးပေါက် နောက်ဆုံး ကာကွယ်ဆေးထိုးမည် ကန်တနိုင်ငံလုံး ဆောင်းဦးပေါက် နောက်ဆုံး ကာကွယ်ဆေးထိုးမည် Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.