မြိတ်တွင် ယောက်ဖဖြစ်သူအား မကျေနပ်ဖြစ်ကာ ဓါးထိုးမှုဖြစ် ဓါးထိုးခံရသူသေဆုံး

 

မြိတ်မြို့၊ ကန်ကြီးနယ်မြေ ၊သာကေတရပ်တွင် ဇန်နဝါရီလ ၂၄ ရက်၊ ည ၁၀ နာရီခန့်က ယောက်ဖဖြစ်သူအား မကျေနပ်တာကြောင့် ဓါးထိုးမှုဖြစ်ကာ ဓါးထိုးခံရသူ သေဆုံးသွားကြောင်းသိရပါတယ်။

သာကေတရပ်၊ ၅ လမ်းတွင်နေထိုင်တဲ့ ဦးထွန်းနိုင်(၆၃)နှစ်၊ ဆိုသူက နေအိမ်နောက်ခန်း၌ ၎င်းရဲ့ သားသမီးများနှင့်အိပ်ပျော်နေစဥ် ယောက်ဖဖြစ်သူ ဦးတင်ဇော်(၅၆)နှစ်၊ မှ ၎င်းရဲ့တူမ(ဦးထွန်းနိုင်၏သမီး)ဖြစ်သူ မယု အား ဆေးလိပ်မီးဖြင့်တို့တဲ့အတွက် မယု ရဲ့ ထအော်သံကိုကြားရပြီးနောက် ဦးထွန်းနိုင် မှ အကျေမနပ်ဖြစ်ကာ ၎င်းရဲ့အနီးမှာရှိတဲ့ အသွား ၅ လက်မခန့်ရှိတဲ့ဓါးဖြင့် ဦးတင်ဇော်အားထိုးခဲ့ကြောင်းသိရပါတယ်။

ဓါးထိုးမှုကြောင့် တင်ဇော်တွင် ဓါးဒဏ်ရာ ၁၁ ချက်(စိုးရိမ်ရ)ရရှိကာ ဆေးရုံကြီးသို့ပို့ဆောင်ကုသရာ ဇန်နဝါရီလ ၂၅ ရက်နေ့၊ နံနက် ၅ နာရီခန့်တွင် ရရှိဒဏ်ရာဖြင့်သေဆုံးသွားကြောင်းသိရပါတယ် ။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး ယောက်ဖဖြစ်သူအား ဓါးဖြင့်ထိုး၍အသက်သေဆုံးအောင်ပြုလုပ်သူ ဦးထွန်းနိုင် အား မြိတ်မြို့မရဲစခန်းမှ ကနဦး  ရာဇသတ်ကြီးပုဒ်မှ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားရာမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ အရေးယူထားကြောင်းသိရပါတယ်။


မြတ်ထွဋ် (မြိတ်)

https://www.facebook.com/Myat-Htut-Myeik-222869948053294/

မြိတ်တွင် ယောက်ဖဖြစ်သူအား မကျေနပ်ဖြစ်ကာ ဓါးထိုးမှုဖြစ် ဓါးထိုးခံရသူသေဆုံး မြိတ်တွင် ယောက်ဖဖြစ်သူအား မကျေနပ်ဖြစ်ကာ ဓါးထိုးမှုဖြစ် ဓါးထိုးခံရသူသေဆုံး Reviewed by THITHTOOLWIN on 18:17 Rating: 5

No comments:

Powered by Blogger.