ဖားကန့်၌ ကျောက်တူးနေရာမှ မြေသားကမ်းပါးပြိုပြီး လူနှစ်ဦးသေဆုံး

ဖားကန့် အောက်တိုဘာ ၁၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ရေမဆေးကျောက်တူးနေရာမှ ကမ်းပါးပြိုပြီး အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီခန့်က လူနှစ်ဦးပြုတ်ကျသေဆုံးခဲ့ကြောင်း ဆိပ်မူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဆိပ်မူကျေးရွာအုပ်စု၊ ကောင်စံကျေးရွာအနီးရှိ တစ်သုံးလုံးကုမ္ပဏီလုပ်ကွက်ဟောင်း ကျင်းဟောင်းဒိုင်ကျန်၏ အမြင့်ပေ (၅၀)ခန့်တွင် ကျောက်တူးနေသူ ရေမဆေးသမားနှစ်ဦးအပေါ်သို့ အမြင့်ပေ (၁၅၀)ခန့်မှ ကျောက်ကျော ကမ်းပါးယံ ရုတ်တရက်ပြိုကျပြီး ရိုက်ချခဲ့သဖြင့် အဆိုပါ ရေမဆေးကျောက်တူးသူနှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။


 ကမ်းပါးယံပြိုကျခဲ့သဖြင့် သေဆုံးခဲ့သူ နှစ်ဦးမှာ တောင်းကော့ကျေးရွာမှ ဦးတူးအောင်(၂၈)နှစ်နှင့်၊ ဦးဂွမ်းမိုင်(၃၄)နှစ်တို့ ဖြစ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းများအား ဆိပ်မူကျေးရွာ သင်္ခါလူမှုကူညီရေးအသင်းကားဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


တာလင်းမောင်(ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ဖားကန့်၌ ကျောက်တူးနေရာမှ မြေသားကမ်းပါးပြိုပြီး လူနှစ်ဦးသေဆုံး ဖားကန့်၌ ကျောက်တူးနေရာမှ မြေသားကမ်းပါးပြိုပြီး လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 04:25 Rating: 5

No comments:

Powered by Blogger.